Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့အထွက်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်​ကောင်စီတပ်ကရွာများကို မီးလိုက်ရှို့​နေ

ဟားခါးမြို့ကို စစ်အင်အားတိုးချဲ့ရန် လာရောက်သည့် စစ်ကောင်စီ၏ယာဉ်တန်းကို CNF နှင့် CDFပူး​ပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင်လည်း တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ချင်းပြည်နယ် ဖလမ်းမြို့အထွက်တွင် အကြမ်းဖက်စစ်ကောင် စီတပ်ကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်း​ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ကပူး​ပေါင်း၍ တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက တစ်ရွာဝင်တစ်ရွာထွက်ဖြင့် ကျေးရွာများကို မီးလိုက်ရှို့နေကြောင်း ဒေသခံများကပြောသည်။

ဟားခါးမြို့ကို စစ်အင်အားတိုးချဲ့ရန် လာရောက်သည့် စစ်ကောင်စီ၏ယာဉ်တန်းကို CNF နှင့် CDFပူး​ပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင်လည်း တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် သားများက ဖလမ်း-ဟားခါးလမ်းမဘေးရှိ ကျေးရွာများကို မီးလိုက်ရှို့နေပြီး ယ​နေ့( အောက်တိုဘာ ၁၄ ရက်) နေ့လယ်၁၂ နာရီအထိ ကျေးရွာနှစ်ရွာမီးလောင်ပြာကျသွား​ကြောင်း ဒေသခံများကပြောသည်။

“မြို့အထွက်က ထလန်ရောန်ကျေးရွာနားလေး တိုက်ပွဲဖြစ်နေတယ်။ ​သေနတ်တွေအကျယ်ကြီးကြားနေရတယ်။ ဖလမ်းမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်နေတာလဲ ကြားနေရတယ်။ လူတွေတော့ ကြောက်လန့်ပြီးထွက်ပြေးတဲ့သူပြေး နေကြတယ်”ဟု ဖလမ်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထလန်ရောန်ကျေးရွာသည် ဖလမ်းမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲကြောင့် ဟားခါးကို သွားမည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများက ရှေ့မတိုးနိုင်ဘဲရှိနေ​ကြောင်းဒေသခံများပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထလန်ရောန်ကျေးရွာကို မီးတင်ရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ ထိုပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဖလမ်းမြို့ ၆မိုင်အကွာတွင်ရှိသည့် ရီလ်သီးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး လူနေအိမ် ၁၃ လုံးနှင့် ဘုရားရှိခိုးကျောင်းတစ်​ကျောင်းကိုပါမီးရှိ့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြော သည်။ မီးရှို့မူကြောင့် လူအထိမခိုက်မရှိကြောင်းနှင့် တိရစ္ဆာန်များနှင့် လူနေအိမ်များ၏ အဖိုးတန်ပစ္စည်းများကို အကြမ်း ဖက်စစ်ကောင်စီတပ်သားများက ခိုးယူနေသည်ဟု အဆိုပါရွာသားတစ်ဦးက ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ဖလမ်း-ဟားခါးလမ်းတစ်​လျှောက်​ကျေးရွာများကို မီးလိုက်ရှို့​နေ​ကြောင်း​ ဒေသခံများက​ပြောသည်။ ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။