Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်းမြို့အထွက်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်​ကောင်စီတပ်ကရွာများကို မီးလိုက်ရှို့​နေ

ဟားခါးမြို့ကို စစ်အင်အားတိုးချဲ့ရန် လာရောက်သည့် စစ်ကောင်စီ၏ယာဉ်တန်းကို CNF နှင့် CDFပူး​ပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင်လည်း တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ချင်းပြည်နယ် ဖလမ်းမြို့အထွက်တွင် အကြမ်းဖက်စစ်ကောင် စီတပ်ကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်း​ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ကပူး​ပေါင်း၍ တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက တစ်ရွာဝင်တစ်ရွာထွက်ဖြင့် ကျေးရွာများကို မီးလိုက်ရှို့နေကြောင်း ဒေသခံများကပြောသည်။

ဟားခါးမြို့ကို စစ်အင်အားတိုးချဲ့ရန် လာရောက်သည့် စစ်ကောင်စီ၏ယာဉ်တန်းကို CNF နှင့် CDFပူး​ပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင်လည်း တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် သားများက ဖလမ်း-ဟားခါးလမ်းမဘေးရှိ ကျေးရွာများကို မီးလိုက်ရှို့နေပြီး ယ​နေ့( အောက်တိုဘာ ၁၄ ရက်) နေ့လယ်၁၂ နာရီအထိ ကျေးရွာနှစ်ရွာမီးလောင်ပြာကျသွား​ကြောင်း ဒေသခံများကပြောသည်။

“မြို့အထွက်က ထလန်ရောန်ကျေးရွာနားလေး တိုက်ပွဲဖြစ်နေတယ်။ ​သေနတ်တွေအကျယ်ကြီးကြားနေရတယ်။ ဖလမ်းမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်နေတာလဲ ကြားနေရတယ်။ လူတွေတော့ ကြောက်လန့်ပြီးထွက်ပြေးတဲ့သူပြေး နေကြတယ်”ဟု ဖလမ်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထလန်ရောန်ကျေးရွာသည် ဖလမ်းမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲကြောင့် ဟားခါးကို သွားမည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများက ရှေ့မတိုးနိုင်ဘဲရှိနေ​ကြောင်းဒေသခံများပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထလန်ရောန်ကျေးရွာကို မီးတင်ရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ ထိုပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဖလမ်းမြို့ ၆မိုင်အကွာတွင်ရှိသည့် ရီလ်သီးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး လူနေအိမ် ၁၃ လုံးနှင့် ဘုရားရှိခိုးကျောင်းတစ်​ကျောင်းကိုပါမီးရှိ့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြော သည်။ မီးရှို့မူကြောင့် လူအထိမခိုက်မရှိကြောင်းနှင့် တိရစ္ဆာန်များနှင့် လူနေအိမ်များ၏ အဖိုးတန်ပစ္စည်းများကို အကြမ်း ဖက်စစ်ကောင်စီတပ်သားများက ခိုးယူနေသည်ဟု အဆိုပါရွာသားတစ်ဦးက ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ဖလမ်း-ဟားခါးလမ်းတစ်​လျှောက်​ကျေးရွာများကို မီးလိုက်ရှို့​နေ​ကြောင်း​ ဒေသခံများက​ပြောသည်။ ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။