Connect with us

Hi, what are you looking for?

သတင်း

PDF များက စစ်စခန်းသိမ်းပြီဖြစ်၍ ကလေးဝ- မဟာမြိုင်လမ်း ပြန်ဖွင့်မည်

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ကလေးဝ- မဟာမြိုင်လမ်းပိုင်းတနေရာ၌ ရပ်နားထားသော ယာဥ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇေအောင် ၊ယောနသံ/People’s Spring

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

ကလေးဝနှင့် မဟာမြိုင်ကြားရှိ မင်းကင်းမြို့နယ် အောင်ချမ်းသာစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လမှစ၍ တိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်မှ ဇူလိုင်လလယ်တွင် ဆုတ်ခွာသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အောင်ချမ်းသာက စခန်းကြီးပဲ။ လနဲ့ချီပြီး ခြေသံလုံလုံတိုက်ခဲ့တာ။ ထွက်ပြေးတော့လေကြောင်းကနေ လာခေါ်ရတဲ့အထိပဲ”ဟု မင်းကင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆုတ်ခွာသွားသောစစ်ကောင်စီတပ်က စစ်ဘေးရှောင် ဒေသခံပြည်သူရှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အောင်ချမ်းသာစခန်းကို ကလေးဝမြို့နယ်ပကဖ ၊ မင်းကင်းပကဖနှင့် ကလေးခရိုင် တပ်ရင်း (၁) ၊ (၂) ၊ (၃) ၊ (၄) ၊ (၅) ၊ KG Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းကို ထိုးစစ်ဆင်နေစဥ် ၂ လနီးပါး ပိတ်ထားခဲ့သည့် ကလေးဝ-မဟာမြိုင်လမ်းကို ဇူလိုင် ၁၇ ရက်က ပြန်လည်ဖွင့်ပေးခဲ့သည်။

သို့သော် မိုးရွာ​၍ လမ်းပိုင်းပျက်စီးမှုများရှိခဲ့ရာ ပြန်ပိတ်ထားခဲ့ရပြီး မနက်ဖြန် (ဇူလိုင် ၂၇ ရက်)

တွင် ပြန်လည်ဖွင့်ပေးမည်သိရကြောင်း ကားသမားအချို့က ပြောသည်။

“လမ်းတွေက မြေပျော့တွေဆိုတော့ကားကြီးတွေနင်းလိုက်တာနဲ့ပျက်ကုန်တာ။ နှစ်လလောက်ပိတ်မိနေခဲ့ကြပြီး ပြန်လည်ထွက်ခွာခွင့်ရချိန်နဲ့ မိုးများလမ်းပျက်ချိန်တိုက်ဆိုင်ပြီး လမ်းပြန်ပိတ်နေတာပါ။ မနက်ဖြန်ကားကြီးတွေလည်း ပြန်ဖွင့်ပေးမယ်ပြောတယ်။”ဟု ကားသမားတစ်ဦးက ပြောသည်။

စစ်စခန်းကို PDFများက ထောက်ပို့လမ်းများ

အားလုံးပိတ်ဆို့၍တိုက်ခိုက်နေသောကြောင့်လမ်း ပိတ်ထားစဥ် ဇူလိုင် ၈ ရက်က ကလေးဝ-မဟာမြိုင်လမ်းပေါ်တွင် ကားသမားများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ အချေအတင်ဖြစ်ခဲ့ကြသေးသည်။ စစ်ရေးသတင်း များကို PDF များကသတင်းလုံခြုံရေးအရ ပြော၍မဖြစ်သော ကြောင့် သတင်းထိန်းထားစဥ် အခြေအနေမှန်မသိသော ယာဥ်မောင်းများမှာ ကားလမ်းပိတ်နေသည်မှာ ကြာနေသဖြင့် အချင်းများ ကာအချေအတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကားသမားအချို့က PDF များကို

ယာဥ်မောင်းနှင့် ပြည်သူများကိုတမင် လမ်းပိတ်၍

လူသားတံတိုင်းပြုလုပ်နေခြင်းဟု စွပ်စွဲခဲ့ပြီး အမှန်တွင်ထိုသို့မဟုတ်ဘဲ စခန်းသိမ်းနိုင်ရန်နှင့် ပြည်သူများထိခိုက်မည်စိုး၍ဖြစ်ကြောင်း PDF အချို့ကပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကလေး၊ တမူး၊ ကလေးဝမြို့များ၏ ကုန်စည်စီးဆင်းမှုသည် ကလေးဝ-မဟာမြိုင်လမ်းပိုင်းအား အားထားနေရပြီး တိုက်ပွဲများဖြစ်ပွားချိန်တိုင်း လချီကြာအောင် စောင့်ဆိုင်းရလေ့ရှိကြောင်း သတင်းရရှိသည်။

(၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ကလေးဝ- မဟာမြိုင်လမ်းပိုင်းတနေရာ၌ ရပ်နားထားသော ယာဥ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။