Connect with us

Hi, what are you looking for?

News

စစ်တပ် နိုင်ငံ​ရေးမှနှုတ်ထွက်​ကြောင်း​​​ကြေညာရန်နှင့်နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းထားသူအားလုံးလွှတ်ပေးရန် KNU ထုတ်ပြန်

လက်ရှိ ဆိုးဝါးနေသည့်နိုင်ငံ၏ အခြေအနေအား ကယ်တင်နိုင်ရန် စစ်အာဏာသိမ်းပြီးနောက် ဖမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံထားရသူအားလုံး ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန် KNU ကတောင်းဆိုသည်။

စစ်တပ်အာဏာသိမ်းမှုက NCA အခြေခံမူ အားလုံး အပေါ် ချိုးဖောက်မှု ဖြစ်ပေါ်စေကြောင်း တပ်မတော်သည် နိုင်ငံရေးပြသနာကို အင်အားသုံး အဖြေရှာသည့် စစ်အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိသွား​ကြောင်း KNU က ယနေ့(​အောက်တိုဘာ၁၅) ထုတ်ပြန်လိုက်သည်။

လက်ရှိ ဆိုးဝါးနေသည့်နိုင်ငံ၏ အခြေအနေအား ကယ်တင်နိုင်ရန် စစ်အာဏာသိမ်းပြီးနောက် ဖမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံထားရသူအားလုံး ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန် KNU ကတောင်းဆိုသည်။

ထို့ပြင် နိုင်ငံတစ်ဝှမ်း ဖြန့်ထားသည့် ရဲနှင့်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များသက်ဆိုင်ရာအခြေစိုက်စခန်းများသို့ ပြန်ရုတ်သိမ်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာအကောင်အထည်ဖော်ရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးဖော်ဆောင်ရန် တောင်းဆိုထားသည်။

တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့် အနေဖြင့် တပ်မတော်မှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင် ကြေညာခြင်းနှင့် နိုင်ငံရေးတွင် ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေညာရန် KNU က တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook