Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့ရှိ သံဃာတော်များ စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်

ယမန်နေ့(ဇူလိုင်၂၈ရက်)က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ သက်တော်ဝါတော်ရ ဆရာတော်၊ သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ကံဆောင်ခြင်းပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်ရှိ သံဃာတော်များ စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ရွှေဝါရောင်တော်လှန်ရေးစတင်ခဲ့သည့် ပခုက္ကူမြို့မှ သံဃာတော်များက စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင်၂၈ရက်)က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ သက်တော်ဝါတော်ရ ဆရာတော်၊ သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ကံဆောင်ခြင်းပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

​ပခုက္ကူမြို့မှ သံဃာတော်များသည် ၂၀၀၇ စက်တင်ဘာကလည်း ထိုအချိန်ကအုပ်ချုပ်နေသည့် စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်၍ ရွှေဝါရောင်တော်လှန်ရေးကို စတင်စေခဲ့ဖူးသည်။

ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလငမြင်းမူ၊ ရေဦး၊ ကနီ၊ မြောင် အစရှိသည့် မြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူနှင့် ထီးလင်းမြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး အစရှိသည့် မြို့နယ်များတွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၂၄ မြို့နယ်အထိ ရှိခဲ့သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ဆိုသည်မှာ “ရဟန်းတို့အား လာဘ်မရအောင်ပြုခြင်း၊ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြုခြင်း၊ နေမြဲကျောင်းမနေရအောင်ပြုခြင်း၊ ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်းခြင်း၊ ရဟန်းခြင်း ကွဲပြားအောင်ပြုခြင်း၊ ဘုရား၊ တရား၊ သံဃာ ကျေးဇူးမဲ့ဆိုခြင်းများ အစရှိသည့် အင်္ဂါ ၈ ပါးနှင့်ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်ခြင်းငှာ ခွင့်ပြု၏။ အင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးသော အင်္ဂါနှင့်ပြည့်စုံသူကိုလည်း သိမ်တွင်း၌လည်းကောင်း၊ အိမ်ပသို့သွား၍ မြစ်စသည်တို့၌လည်းကောင်း သပိတ်မှောက်အပ်ကြောင်း၊ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထုတစ်စုံတရာကို မခံယူအပ်။ ဤမည်သောသူ၏အိမ်၌ ဆွမ်းမခံကြပါနှင့်ဟု တပါးသောကျောင်းတို့သို့လည်း စေလွှတ်အပ်၏”ဟု မြတ်စွာဘုရားလမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ

Facebook