Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ရလဒ်ကို ဆန္ဒပြတဲ့ ပြည်သူတွေကို ဗင်နီဇွဲလား အစိုးရ အကြမ်းဖက် တုံ့ပြန်၊ အသေအပျောက်တွေ ရှိလာ

ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဗင်နီဇွဲလား ပြည်သူတွေ ဆန္ဒပြမှုမှာ ပိုမိုကျယ်ပြန့်လာနေပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုက အကြမ်းဖက် တုံ့ပြန် နှိမ်နင်းစေတဲ့အတွက် ထိခိုက်သေဆုံးမှုတွေလည်း ရှိလာပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဗင်နီဇွဲလား ပြည်သူတွေ ဆန္ဒပြမှုမှာ ပိုမိုကျယ်ပြန့်လာနေပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုက အကြမ်းဖက် တုံ့ပြန် နှိမ်နင်းစေတဲ့အတွက် ထိခိုက်သေဆုံးမှုတွေလည်း ရှိလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ မာဒူရိုကပဲ အနိုင်ရရှိခဲ့တယ်လို့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကြေညာလိုက်တဲ့နောက် ပြည်သူတွေက မြို့တော် ကရာဆက်စ်မှာ စတင်စုဝေး ဆန္ဒပြလာကြတာပါ။ အတိုက်အခံ အင်အားစုတွေကလည်း ရွေးကောက်ပွဲမှာ မာဒူရိုဟာ သေချာပေါက် ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေ အရလည်း အတိုက်အခံတွေ စုပေါင်း ထောက်ခံထားတဲ့ အက်ဒ်မန်ဒို ဂွန်ဇာလက်ဇ်ဟာ မာဒူရိုအပေါ် အရမ်း ထင်ထင်ရှားရှား အသာစီး ရခဲ့ပါတယ်။

ဗင်နီဇွဲလား မီဒီယာတွေရဲ့ အမျိုးမျိုးသော ဖော်ပြချက်တွေအရ ဆန္ဒပြမှုတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက အကြမ်းပတမ်း တုံ့ပြန်မှုတွေကြောင့် လူ ၆ ဦးကနေ ၁၆ ဦးကြားလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မာဒူရိုက ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ အခိုင်အမာ ဆက်လက် ကြွေးကြော်နေပြီး ဂွန်ဇာလက်ဇ်နဲ့ အတိုက်အခံ ညွန့်ပေါင်း ခေါင်းဆောင် မာရီရာ ကော်ရီနာ မာချာဒိုတို့ဟာ ရာဇဝတ်မှုတွေ ကျူးလွန်အောင် လှုံ့ဆော်ပေးနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဆန္ဒပြသူတွေက မာဒူရိုကို မဲခိုးတယ်လို့ စွပ်စွဲပြီး မဲစာရင်းတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့ တောင်းဆိုနေပေမယ့် အာဏာပိုင်တွေ၊ မာဒူရိုကို ထောက်ခံတဲ့ ဆိုရှယ်လစ် အင်အားစုတွေက အကြမ်းပတမ်း ရန်လိုတိုက်ခိုက်ကြတာကြောင့် သွေးချောင်းစီး ဖြစ်ရပ်တွေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တစ်ခုဖြစ်တဲ့ Foro Penalက ဆေးရုံတွေရဲ့ အခြေအနေကို စာရင်းကောက်ယူပြီးတဲ့နောက် သေဆုံးသူ ၁၆ ဦးလောက် ရှိတယ်လို့ ဖော်ပြခဲ့ပြီး သေဆုံးသူတွေထဲမှာ စစ်သားတစ်ဦး ပါဝင်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးဝတ် လူစုလူဝေးက တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကိုလည်း ကြားသိခဲ့ရပါတယ်။

ဆန္ဒပြသူတွေရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် အနိုင်ရခဲ့တယ် ဆိုတာကို သက်သေပြဖို့ မာဒူရိုကို တောင်းဆိုနေကြပေမယ့် လက်ရှိမှာတော့ သူက အတိုက်အခံတွေကို ပစ်မှတ်ထား ဖြိုခွင်းမှုတွေ နှစ်ဆတိုး လုပ်ဆောင်ပြီး တုံ့ပြန်နေပါတယ်။

အတိုက်အခံတွေက ဗင်နီဇွဲလားမှာ မာဒူရို တာဝန်ယူ အုပ်ချုပ်ခဲ့တဲ့ ၁၁ နှစ်တာ ကာလအတွင်း နိုင်ငံစီးပွားရေးဟာ ဆိုးဆိုးရွားရွား ချွတ်ခြုံကျသွားခဲ့သလို နိုင်ငံရေးနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခဲ့ရကြောင်း စွပ်စွဲ ပြောဆိုထားကြပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမြေပုံကို အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို့ အညွှန်းစာရေးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။