Connect with us

Hi, what are you looking for?

သတင်း

MNDAA နှင့် ပူး​ပေါင်းတပ် ရမခ ကိုသိမ်းပိုက်

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက လားရှိုးမြို့ရှိ စစ်​ကောင်စီတပ်၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) ကိုအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ​စစ်​ရေးရင်းမြစ်များက​ပြောသည်။

​​နေ့သစ် /People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက လားရှိုးမြို့ရှိ စစ်​ကောင်စီတပ်၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) ကိုအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ​စစ်​ရေးရင်းမြစ်များက​ပြောသည်။

MNDAA ဦး​ဆောင်​​သောပူး​ပေါင်းတပ်များက လားရှိုး မြို့ကို ဇူလိုင် ၃ ရက်မှစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်စခန်းများကိုဆက်တိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ရမခ မဟိုကင်း နှင့် ရမခ ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ပူး​ပေါင်းတပ်များကယခုရက်ပိုင်းအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယမန်​နေ့ (သြဂုတ်) ၂ ရက်တွင် စစ်​ဆေးရုံမှ စစ်သားများလက်နက်ချ ခဲ့ပြီး သြဂုတ် ၃ ရက်မနက်အ​စောပိုင်းတွင် ရမခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့​ကြောင်း စစ်​ရေးရင်းမြစ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

” ထွက်ပေါက်ပေးထားတဲ့ဘက်ကနေ ဆုတ်သွားတာပါ။ ရမက ကျသွားပါပြီ။ တပ်ချုပ်ငိုပွဲဆင်ပါပြီ” ဟုစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ပြီးသွားပြီ”ဟုပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များက လည်းရမခ ကျသွားသဖြင့် ဝမ်းနည်း​ကြေကွဲ​သောပိုစ်များဆက်တိုက်​ရေးသား​​နေကြသည်။

“ယခုတကြိမ်​တော့စိတ်ဓါတ်ကျသွားပြီ တပ်မ​တော်သမိုင်းနဲ့ အင်မတန်ပစဥ်အလာကြီးတဲ့ ရမခဌာနချုပ်က​တော့ ကျသွားပါပြီ ။တပ်မ​တော်သမိုင်းရိုင်းပြီ “ဟု စစ်တပ်ဝါဒဖြန့် တယ်လီဟရန်ချန်နယ်တစ်ခုကလည်း​ရေးသားထားသည်။

​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်များက စစ်တပ်၏ စစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်းမှာ ရမခ သည်ပထမဆုံးဖြစ်သလို ၊ စစ်တိုင်း ၁၄ တိုင်းရှိ​သော စစ်တပ်သမိုင်းတွင်လည်း ပထမဆုံးအကြိမ်တိုင်းစစ်ဌာနချုပ်ကျခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။