Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ၅ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး သေဆုံးထိခိုက်သူများထဲတွင် ကလေးငယ်များ ပါဝင်သည်ဟု KNU ဗဟိုက အသိပေးသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - PS

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး သေဆုံးထိခိုက်သူများထဲတွင် ကလေးငယ်များ ပါဝင်သည်ဟု KNU ဗဟိုက အသိပေးသည်။

ဩဂုတ် ၉ရက် ညနေပိုင်းက စစ်ကောင်စီ၏ စွယ်တော်ကုန်း တပ်စခန်းမှ (၈၁)မမ လက်နက်ကြီးပစ်ခတ်ခဲ့၍ ထီးမူးထကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ရာ (၉)လအရွယ် ကလေးငယ် တစ်ဦးသေဆုံးကာ (၅)နှစ်နှင့် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့နယ်အပါအဝင် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၁၀ရက်ညပိုင်းက အမှတ်(၃၁၀) အမြောက်တပ်ရင်းစခန်းမှ လက်နက်ကြီး တစ်လုံးပစ်ခတ်ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယခု ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ကောင်စီက အရပ်သား ပြည်သူများအား ပစ်မှတ်ထား လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်ခြင်း အပါအဝင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ ပြည်သူ ၁၃၀ ဦးကျော်သေဆုံးကာ ၄၃၀ဦးကျော် ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။