Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ပခုက္ကူလေဆိပ်အနီး ဂိတ်​ကို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၍ လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သတင်းရရှိသည်။

(တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-File Photo)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၍ လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဩဂုတ် ၁၄ရက်) ညနေ ၄နာရီခန့်က ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးကျေးရွာမှ လာသော အင်အား၄၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ဟင်္သာကျေးရွာနှင့် ကိုရင့်ကျွန်းကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က Mi35ဖြင့် လေကြောင်းမှ နာရီဝက်နီးပါး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အလားတူ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကိုရင့်ရွာအရောက်တွင် ရော့ကတ် ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မြွေဟောက်က ပြောသည်။

ရော့ကတ်များမှာ ပစ်မှတ်အတွင်းသို့ ကျရောက် ပေါက်ကွဲပြီး စစ်သားနှင့်ပျူစောထီး သုံးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနေ့က အထိနာတော့ လေယာဉ်နဲ့ပက်ပြီးဝဲသေးတယ်။ အတွဲလိုက်တွေပစ်တယ်။ ဗုံးသီးတွေချတယ်။ ရဟက်ယာဉ်ပေါ်ကနေ။ သူဌေးကုန်းရွာနဲ့အလယ်ဆောင်ရွာအနီးနားတွေကိုပစ်သွားတာပါ။ အဲနားမှာက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပစ်သွားတာပါ။ပြည်သူတွေထိမထိတော့စုံစမ်းနေဆဲပါပဲ။”ဟု ဗိုလ်မြွေဟောက်က ပြောသည်။

အလားတူ ယနေ့ သြဂုတ် ၁၅ ရက် နံနက် ၁၀နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ လေဆိပ်ပြုပြင်ရေးစီမံကိန်းအတွက် လေယာဉ်ကွင်းအနီး ကျေးရွာတွင် အင်အား ၁၀၀ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းအနီးရှိ စစ်သားများကို Southern YSO PDF အဖွဲ့၏ “နတ်မိချောင်းစစ်ဆင်ရေး” စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“လေယာဉ်ကွင်းအနောက်ဘက်အနီးနားရွာမှာ တပ်စွဲထားတာ။ ၅ မိနစ်လောက်ပဲကြာတယ်။”ဟု Southern YSO PDFအဖွဲ့၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား သုံးဦးသေဆုံးပြီး G3သေနတ် တစ်လက်၊ MA 11 တစ်လက် ရရှိခဲ့ကြောင်း ကိုအောင်မောင်းက ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်သည် သြဂုတ် ပထမပတ်အတွင်းက ရေစကြိုမြို့နယ်၊ ကိုရင့်ရွာရှိ နေအိမ်၂၃လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook