Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း တတက(၁၃)ကို နယ်မြေခံ PDFများအပြင် KIA၊ TNLA၊ PLAနှင့် ABSDFတို့ပူးပေါင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လမ်းပိုင်းစစ်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - သပိတ်ကျင်း ပကဖ

ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ တပ်ရင်းသိမ်းပိုက်နိုင်မှု သတင်းများအပေါ် စုံစမ်းနေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးဟု သပိတ်ကျင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်နေတာတော့ သုံးရက်လောက်ရှိပြီ။ သိမ်းဖို့အတွက် ကြိုးစားနေကြတာ။ ရမရအတည်မပြုနိုင်သေးတာ။ဖြစ်နိုင်ခြေတော့ရှိပါတယ်။ ကိုယ့်လူတွေ အဲဒီမှာ ဝင်နေတာ။ ဒါပေမဲ့ တပ်ထဲမှာ ခံစစ်က ကောင်းကောင်းပြင်ထားတာဆိုတော့ အဲဒီအခြေအနေမှာ အတည်ပြုလို့မရဘူးဖြစ်နေတာ”ဟု အဆိုပါ တော်လှန်ရေးရဲဘော်က ပြောသည်။

တတက(၁၃)တပ်တိုက်ခိုက်မှုအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းတပ်မတော်(TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တပ်များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု သပိတ်ကျင်းမြို့နယ်ရှိ တော်လှန်ရေးရဲဘော်က ပြောသည်။

“ကချင်ရော၊ ပလောင်ရောပါမယ်။ ပြီးတော့ PLA ပါမယ်။ ကျနော်တို့ မြို့နယ်ကိုယ်စားပြုလုပ်ထားတဲ့ တော်လှန်ရေးအင်အားစုလည်း ပါတာပေါ့။အစုံပေါ့ဗျာ။ တပ်ပေါင်းစုတွေပါပဲ။ ABSDFလည်းပါမယ်။ တတက (၁၃) ကျသွားပြီဆိုရင် နည်းပညာတပ်ရယ် စခတ(၂)ရယ် ဒါပဲကျန်တော့မယ်။ ကျန်တဲ့ သပိတ်ကျင်းမှာ ရှိတာကလည်း ရလုရချင်ပေါ့။”ဟု သပိတ်ကျင်းရှိ တော်လှန်ရေးရဲဘော်က ပြောသည်။

တတက(၁၃)သိမ်းပိုက်နိုင်မှု ရှိ၊မရှိနှင့်ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အား ဆက်သွယ်မေးမြန်းရာ အတည်မပြုနိင်သေးဟု ဖြေကြားသည်။

CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ယနေ့မနက်တွင် တတက(၁၃) ကျောင်းအတွင်း ဝင်ရောက်နိုင်မည်ဟု သတင်းရရှိထားကြောင်း ပြောပြသည်။

“တတက (၁၃)ကိုသာ ရပြီဆိုရင် စခတ(၂)ကျန်မယ်။ တနတကျန်မယ်။ ပြီးရင်အမှတ် (၂၀) စစ်ဆေးရုံ ကုတင် (၁၀၀)ကျန်အုံးမယ်။ ဒါပေမဲ့ အဲဒီ ကုတင်(၁၀၀) စစ်ဆေးရုံလေးက အခုလောက်ဆိုရင် တစ်တပ်တပ်ထဲပေါင်းပြီး နေတဲ့အနေအထား ရောက်နေလောက်ပါပြီ။ စခတ(၂)ကလည်း စစ်ကြောင်းအလိုက် ဒုကျောင်းအုပ်ကြီး အပါအဝင် ဖမ်းဆီးထားခံရပြီးပြီ။ပြီးတော့ တကောင်းဘက်မှာလည်း အဲဒီ ဘက်က စစ်ကြောင်းတစ်ကြောင်းလည်း တိုက်ခိုက်ခံထားရတယ်ဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တော်တော်လေး ပျက်သုဉ်းနေလောက်ပါပြီ။တနတ (၂)ကတော့ အင်ဂျင်နီယာ ဟိုပုံးကျောင်းဆင်းတွေများတယ်”ဟုဗိုလ်ကြီးဇင်ယော်က ပြောသည်။

အဆိုပါတပ်အနေဖြင့်လည်း အလုံးအရင်း လက်နက်ချနိုင်ခြေရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။

“အဲဒီကျောင်းဆင်းက အဖွဲ့တွေညီရင်ရတယ်။တယ်။ တော်တော်များများက ဟိုပုံး တပ်မတော်နည်းပညာ သိပ္ပံကအဖွဲ့တွေ။ ဒီကောင်တွေလူညီရင် တကယ်လို့ ညှိနှိုင်းလို့ ညီသွားရင် အုပ်စုလိုက် အပြုံလိုက်ကြီး လက်နက်ချမယ့်သဘောရှိတယ်”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

စစ်ကောင်စီ ဝါဒဖြန့်သူအချို့လည်း သပိတ်ကျင်း တတက(၁၃) ရန်သူ့လက်ကျရောက်ပြီဖြစ်ကြောင်း လူမှုကွန်ရက်၌ ရေးသားကာ သပိတ်ကျင်းမြို့နယ် ဆုံးရှုံးမည့်အခြေအနေ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အချို့ ပိတ်မိနေကြောင်း အသိပေးထားသည်။

တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် သပိတ်ကျင်းမြို့ရှိ တပ်စခန်းများကို ဇူလိုင်လကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ခလရ(၁၄၈)တပ်ရင်းအပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook