Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်​ရှော့ တို့​တွေ့ဆုံးစဥ်။ဓါတ်ပုံ-Xinhua ၊ CGTN)

အီယိုရီ/People’s Spring

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

ယမန်နေ့(သြဂုတ် ၂၀ရက်)က ဘေဂျင်းမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို လက်ခံတွေ့ဆုံစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး တရုတ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားညီညွတ်ရေးနှင့် ပိုက်နက်နယ်မြေ ကာကွယ်ရေးအတွက် ခိုင်မာစွာ ပံ့ပိုးကူညီမည်ဟု မစ္စတာဝမ်ယိကပြောခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်​ရှော့ တို့​တွေ့ဆုံးစဥ်။ဓါတ်ပုံ-Xinhua ၊ CGTN)

ကုလအထူးကိုယ်စားလှယ်က မြန်မာ့အရေးဖြေရှင်းရာတွင် ဘုံသဘောတူညီချက်ရရှိရေး တရုတ်နှင့် အာဆီယံတို့နှင့် နီးကပ်သည့် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောသည်။

အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံအပြီး ဘေဂျင်းကို သွားရောက်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့သည် ပြီးခဲ့သည့် ဧပြီလဆန်းမှ စတင်ကာ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို တာဝန်ယူခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးလက်ခံပြီးနောက် ဂျူလီဘစ်ရှော့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ဇွန်လနှောင်းပိုင်းက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို