Connect with us

Hi, what are you looking for?

သတင်း

နဘားလမ်းဆုံကို KIA နှင့် PDFပူး​ပေါင်းတပ်များသိမ်းပိုက်

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး အင်းတော်မြို့၌တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး အင်းတော်မြို့၌တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့လမ်းဆုံဖြစ်သည့် နဘားမြို့နယ်ခွဲရှိ နဘားလမ်းဆုံကို ဩဂုတ်လ ၂၂ရက်တွင် သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့ထဲသို့ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“KIA နဲ့ PDF တွေ အပြီးထိန်းထားတယ်။ အင်းတော်မြို့ထဲမှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်နေတယ်။ မြို့ထဲမှာတော့အရပ်သားတွေမရှိတော့ဘူး” ဟု PDFတစ်ဦးကပြောသည်။

နဘားလမ်းဆုံ စစ်ဆေးရေးဂိတ်သည် တပ်မ(၇၇)လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တပ်စွဲခဲ့သည့်နေရာဖြစ်သည်။ PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့များက အင်းတော် မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် ယင်းစခန်းကို စစ်ကောင်စီကလက်လွှတ်လိုက်ရခြင်းဖြစ်သည်။

” နဘားကို ရတာက စစ်ရေးအတွက် တော်တော်လေးအကျိုးရှိတယ်။ တခြားနေရာကလာမယ့်စစ်ကူတွေကိုလည်း ဖြတ်တောက်ထားနိုင်တယ်”ဟု PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ဧရာဝတီ မြစ်အ​နောက်ဘက်ခြမ်းရှိ​သော နဘားမြို့သည် မြို့နယ်ခွဲဖြစ်ပြီး ကသာခရိုင် ၊အင်း​တော်မြို့နယ်အတွင်းတည်ရှိသည်။လူဦး​ရေ တစ်​ထောင်ဝန်းကျင် ရှိပြီး မန္တ​လေး-မြစ်ကြီးနားရထားလမ်း နှင့်ကားလမ်း​ပေါ်တွင် ရှိ ၍ စစ်​ရေးအရ အ​ရေးပါ​သောတည်​နေရာတွင်ရှိသည့်မြို့ဖြစ်သည်။

အမှတ် (၁ )စစ်​ဒေသ ဦး​ဆောင်မှုဖြင့် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လကတည်းက အင်း‌​တော်မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တပ်မ-၇၇ လက်အောက်ခံ ခလရ(၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီး အင်တော်မြို့အား ကာထားသည့်နံ့သာရွာစခန်းကို ဇွန်လ ၂၈ရက်တွင် ကသာခရိုင် တပ်ရင်း-၂၊KIA နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဩဂုတ်လ တတိယလပတ်ထဲတွင် အမှတ် (၁) စစ်​ဒေသ၏ အင်းတော်၊ထီးချိုင့်၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲများ တပြိုင်နက်စတင်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲများပြင်းထန်နေသည်။

မြို့သုံးမြို့စလုံးတွင် စစ်ကောင်စီ၏စခန်းအနေဖြင့် မြို့ပေါ်၌သာ ကွက်ကွက်လေးကျန်ရှိတော့ပြီး လေကြောင်းမှအပြင်းအထန်တိုက်ခိုက်၍ ခုခံနေသည့်အနေအထားဟု စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး