Connect with us

Hi, what are you looking for?

သတင်း

မြောင် ကျောက်ရစ်ရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ကျောက်ရစ်စခန်းတိုက်ပွဲ၌ PDFရဲဘော်များအား တွေ့ရစဥ်။ဓါတ်ပုံ/Hein Min Tun-Photography

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ရက် နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်ရှိသော ကျောက်ရစ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကြောင်း သုံးကြောင်းခွဲ၍ စခန်းအခြေအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စမာက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တစ်မနက်ခင်းလုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ၍ နေ့လယ် ၁၂ နာရီခန့်တွင် လေယာဥ် ၂ စီးဖြင့် ပေါင် ၂၀ဝ ဗုံး ၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ရေစကြိုမြို့နယ်ဘက်မှလည်း လက်နက်ကြီး ၁၈ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နေ့လယ် ၁ နာရီခန့်အထိ ၅ နာရီကြာ ပြင်းထန်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“လေကြောင်းပစ်တာနဲ့ ရဲဘော်တွေထိတာများလို့ အခြားတပ်ဖွဲ့တွေက ဆုတ်လို့ပြန်ခေါက်လာတာပါ။ စခန်းနဲ့ မီတာ၅၀ထိ ကျွန်တော်တို့ ဝင် ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ သူတို့လည်းအထိနာလို့လေကြောင်းခေါ်တာလို့ကြားရပါတယ်။”ဟု ဗိုလ်စင်္ကြာအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စမာက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော် ၁၃ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၂ ဦးစိုးရိမ်ရကြောင်း မြောင်မြို့နယ် ပြည့်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOMမြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာစစ်ကြောင်း၊

MRF (စားဖို)စစ်ကြောင်း၊MSPDF စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ရစ်စခန်းတိုက်ခိုက်ခံရပြီးနောက် မြောင်မြို့ပေါ်ရဲစခန်း၌ စစ်ကောင်စီတပ်အင်အားတိုးမြင့်မှုများရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်