Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့အား PDFများ အပြီးသတ်သိမ်းပိုက်

ဒုဗိုလ်မှူးကြီးစိုးမင်းသူ အား ဖမ်းဆီးရမိပြီးလက်နက်မျိုးစုံ၆၈လက်၊ဂျမ်မာ၃ လုံးသိမ်းဆည်းရရှိ

နွေထက်​ဆန်/People’s Spring

သပိတ်ကျင်းမြို့အား သြဂုတ် ၂၅ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်​ကြောင်း အမှတ် (၁) စစ်ဒေသကထုတ်ပြန်လိုက်သည်။

သပိတ်ကျင်းမြို့အား ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၁၉) ရက်နေ့တွင် မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီးဩဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့​ကြောင်းအသိ​ပေးသည်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်အား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး (၇၀) ကျော် ကြဲချ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးသီး (၁၅၀) ကျော် ကြဲချတိုက်ခိုက်၍ Mi-35 (၂) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

စစ်သုံ့ပန်းဗိုလ်ကြီး။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ အား ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

မြို့သိမ်းတိုက်ပွဲတွင် ရဲဘော် (၄) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

သပိတ်ကျင်းမြို့နယ် သည် မန္တ​လေးတိုင်း၊စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ကို ချိတ်ဆက်နိုင်​သဖြင့် စစ်​ရေးအရ​ရော ၊လမ်းပန်းဆက်သွယ်​ရေးအရ အ​ရေးပါ​သော​​ဒေသဖြစ်သည်။ ​ရွှေထွက်​သော​ဒေသဖြစ်ပြီး စစ်တပ်လက်ဝါးကြီးအုပ်ထား​​သော ​ရွှေလုပ်ကွက်များစွာရှိ​သော​ဒေသဖြစ်သည်။

သပိတ်ကျင်းမြို့အားသိမ်းပိုက်နိုင်ပြီဖြစ်​သော​ကြောင့်​တော်လှန်​ရေးတပ်များသိမ်းပိုက်​သောမြို့ ၈၀ နီးပါးရှိလာပြီဖြစ်သည်။

တချိန်တည်းတွင် ပင်လယ်ဘူး၊ ထီးချိုင့် ၊အင်း​တော်မြို့များရှိ စစ်တပ်စခန်းများကိုလည်း PDFနှင့် ပူး​ပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲများတင်နွှဲ​နေပြီး စခန်းအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သည်။

(သပိတ်ကျင်းမြို့သိမ်းပြီး​နောက်PDF နှင့်ပူး​ပေါင်းတပ်များ ၊ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ )

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။