Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)ဓါးမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ ဗိုလ်စွမ်းက ပြောသည်။

အလင်းဝင်ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ဓာတ်ပုံ - UBNA

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)ဓါးမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ ဗိုလ်စွမ်းက ပြောသည်။

ဩဂုတ် ၂၅ ရက်တွင် ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ဝင်းကိုဆိုသူသည် G3 သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်စွမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက အထဲထဲနေရတာ စိတ်ကုန်လို့ စိတ်ပျက်လို့ပါပဲ။ အဲဒါကြောင့် ချိတ်ဆက်ပြီးတော့ ဝင်လာတာ။”ဟု ဗိုလ်စွမ်းက ရှင်းပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ်တပ်စွဲရာနေရာများအား PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သြဂုတ်လလယ်ပိုင်းက ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ ကိုယ်ဝန်ဆောင်တစ်ဦး ကိုယ်ဝန်ပျက်ကျကာ ကလေးတစ်ဦး ခြေတစ်ဖက်ပြတ်ပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

​ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံရဲ့ တရားဝင် သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက ဦးဆောင်ပြီး ကျေးရွာပြည်သူတွေထံ လက်ကမ်းစာစောင်တွေ လှည့်လည်ဖြန့်ဝေခဲ့ကြောင်း သိရပါတယ်။