Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)ဓါးမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ ဗိုလ်စွမ်းက ပြောသည်။

အလင်းဝင်ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ဓာတ်ပုံ - UBNA

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)ဓါးမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ ဗိုလ်စွမ်းက ပြောသည်။

ဩဂုတ် ၂၅ ရက်တွင် ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ဝင်းကိုဆိုသူသည် G3 သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်စွမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက အထဲထဲနေရတာ စိတ်ကုန်လို့ စိတ်ပျက်လို့ပါပဲ။ အဲဒါကြောင့် ချိတ်ဆက်ပြီးတော့ ဝင်လာတာ။”ဟု ဗိုလ်စွမ်းက ရှင်းပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ်တပ်စွဲရာနေရာများအား PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သြဂုတ်လလယ်ပိုင်းက ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ ကိုယ်ဝန်ဆောင်တစ်ဦး ကိုယ်ဝန်ပျက်ကျကာ ကလေးတစ်ဦး ခြေတစ်ဖက်ပြတ်ပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။