Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းတွင် စစ်တပ်က ပြည်သူသုံးဦးကို သတ်ဖြတ်

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်မှ ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က မြေကျင်းများတူးခိုင်းကာ ယင်းကျင်းအတွင်း နှိပ်စက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်မှ ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က မြေကျင်းများတူးခိုင်းကာ ယင်းကျင်းအတွင်း နှိပ်စက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

လက်ပံတန်းနယ်၊ မအူတန်းရွာမှ ငှက်ပျောတုံးကျေးရွာဆန်ဆိုင်သို့ ဆိုင်ကယ်(၃)စီးဖြင့် ဆန်အိတ်များသွားပို့သည့် ကယ်ရီသမားသုံးဦးသည် ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် သြဂုတ်၂၃ ရက်က လမ်းခုလပ်၌ ထိပ်တိုက်တိုးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများက ကယ်ရီသမားများအား PDF ထောက်ပို့ဟုစွပ်စွဲကာ မြေကျင်းများကိုယ်တိုင်တူးစေ၍ သုံးဦးလုံးကို ဖမ်းဆီးနှိပ်စက်ပြီးနောက် ၎င်းမြေကျင်းများအတွင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

“သူတို့ကို နေပူပူမှာ ကျင်းတူးခိုင်းတယ်တဲ့ အရင်ဆုံး။ ကျင်းတူးခိုင်းပြီးတော့မှ သူတို့ကို နှိပ်စက်တာ။ သူတို့က ဘာ PDFနဲ့မှ မဆက် စပ်တော့ မေးသမျှ ဘာမှမပြောနိုင်ဘူး။ မပြောရမလားဆိုပြီး ပစ်သတ်ခဲ့တာ”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်၍ ပစ်သတ်လိုက်သည့် ပြည်သူသုံးဦးမှာ မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ငလှစမ်းကျေးရွာမှ ကိုကျော်သက်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းအုပ်စု၊ မအူတန်းကျေးရွာမှ ကိုတင်စိုးအောင်နှင့် လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုကျေးရွာမှ ကိုဖိုးကု လား(ခ)ဇင်မင်းလှိုင်(၁၆ နှစ်)တို့ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပစ်သတ်ခံရသူသုံးဦးကို ပဲခူးရိုးမသို့ဆက်သွယ်ထားသည့် ခရိုင်ဖြတ်လမ်းပေါ်ရှိ ငှက် ပျောတုံရွာအနီး အသတ်ခံရသူများကိုယ်တိုင်တူးထားသော မြေကျင်းများအတွင်းထည့်၍ မြှပ်ထားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် သြဂုတ် ၂၅ ရက်ကလည်း ပြည်သူများစစ်ရှောင်ပုန်းခိုနေသည့် စီတုန်းရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ကျောင်းအတွင်းရှိ နတ်လမ်းများပျက်စီးသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့(သြဂုတ် ၂၇)နံနက် ၁၀ နာရီခန့်က လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုကျေးရွာအနီးမှ ရေငံရွာအား ၆၀ မမဗုံးသီးတပ်ထားသောဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

၎င်းအုတ်ဖိုစုကျေးရွာအနီးမှ ရေငံကျေးရွာမှာ သြဂုတ် ၂၄ ရက်က စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကာ ၁၀ဦးအရှင်ဖမ်းမိခဲ့ရာ သေဆုံးသူများအနက် အထက်ပါ ကယ်ရီသမားသုံးဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သူများလည်းပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်