Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မြို့တွင် ပြည်သူ့စစ်လုံခြုံရေးအဖွဲ့အတွက် ‌ရန်ပုံငွေမပေးသူများအား အုပ်ချုပ်ရေးမှူးက စစ်တပ်ခေါ်ဖမ်းခိုင်း

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။

မိထက်/People’s Spring

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။

ရေကြည်မြို့ နေဝင်းရပ်ကွက်တွင် ပြည်သူ့စစ်လုံခြုံရေးအဖွဲ့ဖွဲ့ရန်ဟုဆိုကာ တစ်လမ်းလျှင် ကျပ်သိန်း ၂၀ပေးရန် ရက်ကွက်အုပ်ချုပ်ရေးမှူးကျော်မိုးလွင်က တောင်းယူရာမှ ဒေသခံများနှင့်စကားများခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ၂၇ရက်ညက ဖြစ်တာ။ တစ်လမ်းကို သိန်း၂၀ခွဲတမ်းချတာ။ ရပ်ကွက်က ကန့်ကွက် တော့ ကျော်မိုးလွင်က စစ်တပ်ကိုလှမ်းခေါ်ပြီးဖမ်းခိုင်းတာ။ စစ်ကားနဲ့လာဖမ်းသွားတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ကျော်မိုးလွင်အား ဦးဆောင်ကန့်ကွက်ခဲ့သူ အမျိုးသားငါးဦးကို ရဲစခန်းသို့ဖမ်းဆီးသွားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ညှိနှိုင်းမှုဖြင့် ညာတွင်းချင်း ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

၎င်းကဖမ်းဆီးခိုင်းသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကပြန်လွှတ်ပေးသည်ဟုဆိုကာ ကျော်မိုးလွင် က ရဲစခန်းအတွင်းဆဲဆိုခဲ့သေးသည်ဟု သိရသည်။

ရေကြည်မြို့တွင် နေဝင်း၊ဗထူး၊အောင်ဆန်း၊ ဆရာစံနှင့်မြို့မရပ်ကွက်ဟူ၍ ရပ်ကွက် ၅ခုရှိပြီး စစ်‌ကောင်စီက ပြည်သူ့စစ်လုံခြုံရေးအဖွဲ့ဖွဲ့ရန် တစ်ရပ်ကွက်လျှင် လူ၁၈ဦး လူစုနေကြောင်း သတင်းရရှ်ိသည်။

” လူတွေ အရမ်းကြောက်နေကြတယ်။ ညဘက် ခွေးဟောင်ရင်ကို လန့်နေပြီ”ဟု ရေကြည်မြို့၊ မြို့မရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက အသက်(၃၅)နှစ်နှင့်အထက် အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်အစီအစဉ် အကောင်အထည်ဖော်နေရာ မန္တလေးမြို့တွင် တစ်ရပ်ကွက်လျှင် အယောက် ၃၀ဖြင့် လူစုဖွဲ့နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီကထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားစုဆောင်းခဲ့သော်လည်း အင်အားလုံလောက်မှုမရှိသည့် စစ်ကောင်စီကပြည်သူ့လုံခြုံရေးစနစ်ဆိုကာ အသက် ၃၅နှစ်မှ ၆၅ နှစ်ကြား အမျိုးသားများဖြင့် ပြည်သူ့စစ်လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးစားနေသည်။ ထိုအဖွဲ့သည် သက်ဆိုင်ရာမြို့နယ်များမှရပ်ကွက်များတွင် ကင်းစောင့်ရမည်ဟု ဆိုသည်။

သြဂုတ် ၁၆ ရက်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့်ဒေသများတွင် ယင်းအဖွဲ့များဖွဲ့စည်းနိုင်‌ရေးကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။