Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်တစ်ဦး စစ်ကိုင်းတိုင်းအတွင်း လုပ်ကြံအသတ်ခံရ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်းတစ်နေရာ၌ လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ကျဆုံးခဲ့သော ရဲဘော်သန်းထိုက်အား မကျဆုံးမီက တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်းတစ်နေရာ၌ လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာနတာဝန်ခံ၊ ရဲဘော်သန်းထိုက် (ခ) ကိုညီညီသည် သြဂုတ် ၂၇ ရက် ညနေပိုင်းက လုပ်ကြံသတ်ဖြတ်ခံရခြင်းဟု ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၃၀ရက်) ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရဲဘော်သန်းထိုက်၏ ဖြစ်စဥ်နှင့် လုပ်ကြံခံရသည်ဆိုသည့်နေရာဒေသအား ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားခြင်းမရှိပေ။

ရဲဘော်သန်းထိုက်သည် စစ်ကိုင်းတိုင်း တနေရာ၌ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်အချို့က ပြောသည်။

“အညာဒေသတစ်နေရာ(စစ်ကောင်စီတပ်မရှိ)တဲ့ နေရာမှာ ​သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ကိုညီညီဟာ အရင်က နိုင်ကျဉ်းတစ်ဦးဖြစ်ခဲ့တယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများဘက်က သတင်းစုံစမ်းနေဆဲဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ဖို့၊စုံစမ်းစစ်ဆေးအရေးယူပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တာဝန်အပြည့်အဝ ရှိကို ရှိပါတယ်။”ဟု တော်လှန်ရေးရဲမေတစ်ဦးက လူမှုကွန်ရက်၌ ရေးသားသည်။

လက်ရှိကာလတွင် တော်လှန်ရေးတပ်ဖွဲ့များ အုပ်စိုးမှုရှိသောဒေသများ၌ လက်နက်မဲ့ပြည်သူများ လုပ်ကြံသတ်ဖြတ်မှုများ၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ၊ မကြာခဏ ဖြစ်ပွားနေပြီး တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပူးတွဲစုံစမ်းဖော်ထုတ်ခြင်းများ အားနည်းနေသည်ဟု ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

မတရားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ဝိုင်းဝန်းကူညီပေးကြရန် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က တောင်းဆိုသည်။

မည်သူကျူးလွန်သည်ဖြစ်စေ တရားခံကို အပြစ်ရှိသည့်အတိုင်း အပြစ်ပေးအရေးယူကာ ရဲဘော်သန်းထိုက်အတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမ​ည်ဟု ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook