Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများသွားလာပတ်သက်ခြင်းမပြုရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား အရှိန်အဟုန်ဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သွားလာပတ်သက်ခြင်းမပြုကြရန် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား အရှိန်အဟုန်ဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သွားလာပတ်သက်ခြင်းမပြုကြရန် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ချောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသော စစ်သား၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် ရုံးများ၊ ရဲကင်းဂိတ်များ၊ စစ်ကောင်စီထောက်တိုင်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ အဆိုပါနေရာဌာနများ၊ လူပုဂ္ဂိုလ်များနှင့် သွားလာပတ်သက်ခြင်းမပြုကြရန် ချောက်မြို့နယ်အခြေစိုက် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတိပေးချက်အားမလိုက်နာပါက အကျိုးဆက်များအားတာဝန်ယူမည်မဟုတ်ဟု Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“ချောက်မြို့နယ် တကြောလုံးကို စိုးမိုးနယ်မြေလုပ်ဆောင်ဖို့အတွက်ရယ် ပြည်သူအများကိုညှင်းပန်းနှိပ်စက်နေတဲ့ အာဏာသိမ်းစကစရဲ့အာဏာရှင်စနစ်ကိုအမြစ်ပါမကျန် အရှိန်မြှင့်ပြီး‌တိုက်ခိုက်သွားဖို့ပါ။”ဟု Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဥဩကပြောသည်။

ယခုလက်ရှိတွင် ချောက်မြို့အား ဝါဇီတပ်မှဆင်း၍ အင်အားအများအပြားဖြင့် လုံခြုံရေးချထားပြီး ခုခံစစ်အတွက် အခိုင်အမာပြင်ဆင်ထားကြောင်း၊ ထို့အပြင် ကုန်းကြီးပျူစောထီးရွာကိုလည်း လုံခြုံရေးတိုးမြှင့်ပေးထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ချောက်မြို့နယ်သည် မကွေးတိုင်းရှိ စစ်ရေးပြင်းထန်နေသော ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်များနှင့်လည်း နယ်မြေချင်း ထိဆက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။