Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် လှေလုပ်သားလူငယ်ကိုးဦးကို စစ်တပ်ဖမ်းဆီး

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာမှ သဲ၊ ကျောက်တူးဖော်ရေးလှေပေါ်ပါ အလုပ် သမားကိုးဦးကို အကြောင်းမဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

မြစ်ကြောင်းအတွင်းတွေ့ရသော သဲကျောက်လှေငယ်အချို့။ ဓာတ်ပုံ-CJ

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာမှ သဲ၊ ကျောက်တူးဖော်ရေးလှေပေါ်ပါ အလုပ် သမားကိုးဦးကို အကြောင်းမဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ကော့မပြင်းကျေးရွာမှ လှေလုပ်သားလူငယ်ကိုးဦးသည် လှေသုံးစင်းဖြင့် စစ်ကောင်စီတပ်သားများရောက်ရှိနေသော လှေဆိပ်ရှေ့သို့ ဖြတ်မောင်းစဥ် ၎င်းတို့က တားဆီး၍ ကမ်းကပ်ခိုင်းကာ ခမရ – ၅၅၇တပ်ရင်းသို့ သြဂုတ် ၃၁ ရက်နေ့လယ် ၃ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“လှေက သုံးစီး၊ သဲကျောက်လှေပါ။ လှေပေါ်မှာ လှေလုပ်သားတွေပဲပါတယ်။ ပိုင်ရှင်က ဘိတ် (မြိတ်)က။ လူငယ်တွေချည်းပဲ အားလုံးကိုးယောက်”ဟု စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လှေလုပ်သားများနှင့်စပ်လျဥ်းပြီး ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသော လှေလုပ်သားများအား ပြန်လည်ထုတ်ယူရန် ၎င်းတို့၏သူဌေး(လှေပိုင်ရှင်)မှ ခမရ – ၅၇၇တပ်ရင်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း တွေ့ခွင့်မပေးဘဲ ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အထက်ပါကဲ့သို့ လှေလုပ်သားအချို့ ဖမ်းဆီးခံရမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ထံ လုပ်သားတစ်ဦးလျှင် ကျပ်ငါးသိန်းဆီပေး၍ ပြန်လည်ထုတ်ယူ၍ရခဲ့သော်လည်း ယခုတစ်ကြိမ်ဖမ်းဆီးမှုဖြစ်စဥ်မှာ ငွေပေးထုတ်၍မရသောကြောင့် တစ်သားသစ်အဖြစ် ပေါ်တာဆွဲခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက ၆ မိုင်ကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား (၄)ရက်ဆက် တိုက်ပွဲဖြစ်ထားပြီး စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ခုနစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

သို့ဖြစ်ရာ စစ်ကောင်စီတပ်ဘက်မှ အင်အားထပ်မံဖြည့်တင်းမည်ဟု မြို့နယ်တွင်း သ တင်းများထွက်နေပြီး စစ်တပ်စခန်းအချို့မှနေ၍ ဘန်လောကျေးရွာအပါအဝင် ကျေးရာအချို့သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

Facebook