Connect with us

Hi, what are you looking for?

News

မြေနီကုန်းခုံးတံတားအောက် ရိုးမဘဏ်အနီး ဗုံးပေါက်

ဗုံးပေါက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေနီကုန်း မီးပွိုင့်အနီး ပြည်လမ်းတစ်လျောက် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းခုံးတံတားအောက် ရိုးမဘဏ်အနီးတွင် ယနေ့(အောက်တိုဘာ၂၀) ညနေ ၄ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခုံးတံတားအောက်မှာ ဗုံးပေါက်တာ ဆိုပေမယ့် တံတားအောက် တည့်တည့်မဟုတ်ဘဲ တံတားဘေးက ရိုးမဘဏ်နားမှာ ပေါက်တာပါ။ တံတားအောက်မှာဆို ပုံမှန်ကလေးတွေ ထိုင်နားကြတာမျိုး ရှိတတ်တယ်။ အခုက တစ်ဖက်ခြမ်းမှာ ပေါက်လို့ လူထိခိုက်တာမျိုး ရှိတာ မတွေ့ခဲ့ရပါဘူး။ ကားတစ်စီးတော့ နည်းနည်းထိသွားတာ တွေ့လိုက်ပါတယ် “ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဗုံးပေါက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေနီကုန်း မီးပွိုင့်အနီး ပြည်လမ်းတစ်လျောက် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။