Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ်ရှိ ယုန်လေးနေအိမ်အနီး ဗုံးပေါက်

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ယုန်လေးနှင့်ပတ်သက်ပြီး UGအဖွဲ့များက သတိပေးမှုသုံးကြိမ်အထိရှိလာ

သုည/People’s Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဖျာပုံလမ်းရှိ စစ်ကောင်စီထောက်ခံသူ အနှပညာရှင်အမည်ခံ ယုန်လေး၏ နေအိမ်အနီးတွင် ယနေ့ (ဒီဇင်ဘာ ၃၀) နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

“ မနက်က ဖျာပုံလမ်းဘက်မှာ ဗုံးပေါက်သံ ၂ ချက်အကျယ်ကြီး ကြားလိုက်ရတယ်။ ယုန်လေး နေအိမ်နားမှာ ပေါက်တာလို့ ပြောတယ်။ ယုန်လေးက စမ်းချောင်းမှာ ပြန်နေ ၊မနေတော့ သေချာမသိပေမယ့် ဒီဘက်မှာ သူ့ကို ခဏခဏတွေ့မိတယ်။ ဗုံးပေါက်တာက လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်” ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက ဖျာပုံလမ်းကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်များက ဆိုသည်။

Public Service Announcement

Public Service Announcement

(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ ယုန်လေးအိမ်နား ဗုံးပေါက်တာ ဘေးနားက ပန်းလှိုင်ဆေးခန်းကို ထိသွားတယ်။ အဲ့နားမှာ ရပ်ထားတဲ့ ကားတစ်စီးလည်း နည်းနည်းထိသွားတယ် ပြောတယ်။ ဆေးခန်းဆိုင်းဘုတ်နဲ့ မီးစက်ကိုလည်း ထိသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောသည်။

ယုန်းလေး၏ နေအိမ်သည် စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်၊ ပန်းလှိုင်မိသားစုဆေးခန်းအနီးတွင် ရှိသည်။

ယုန်လေးသည် စစ်ကောင်စီနှင့်ပတ်သက်သည့် ပွဲလမ်းသဘင်များအား အနှပညာရှင်အမည်ခံများတက်ရောက်စေရန် အဓိက ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။

ထို့အပြင် စမ်းချောင်းမြို့နယ် ကျွန်းတောအလယ်ရပ်ကွက်ရုံးအနီး ထောင်ခဲ့သော ဗုံးမှာ နည်းပညာအခက်အခဲကြောင့် ဖောက်ခွဲနိုင်ခြင်းမရှိကြောင်း သတင်းရသဖြင့် ပြည်သူများ ယင်းအနီးသို့ သွားလာခြင်း မလုပ်ကြရန် Sanchaung Scout Channel က အသိပေးထားသည်။

ယုန်လေးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျား(UG)အဖွဲ့များက သတိပေးဖောက်ခွဲမှု သုံးကြိမ်အထိပြုလုပ်ထားသည်။

(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

၂၀၂၄ အောက်တိုဘာ ၁၀ရက်က ယုန်လေးနှင့်အဖွဲ့ ရိုက်ကူးထားသည့် ရုပ်ရှင်ပြသမည့် ဒဂုံမြို့နယ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသည့် ယာယီဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီကို ထောက်ခံအားပေးနေသော အနုပညာရှင်အမည်ခံ ရန်အောင်၏ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ နေအိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်က ပြင်းအားပျော့မိုင်း အသုံးပြု၍ ဖောက်ခွဲသတိပေးတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ပြည်သူ​တွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်(SP)ခံရထားရတဲ့ စစ်တပ်ထောက်ခံသူ ယုန်လေးက အာဏာသိမ်းကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးခွင့်ရခဲ့တဲ့ ရုပ်ရှင်ရုံတင်တော့မယ့်အကြောင်း အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။