Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် သင်ခန်းစာမစ်ရှင်လေ့ကျင့်စဉ် မတော်တဆဖြစ်ပြီး ဆေးတပ်သား ၁၈ဦး ရေစီးဖြင့်မျောပါ ဆုံးရှုံး

ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမည်ဟု KNDFပြော

ရဲခေါင်People’s Spring

သင်ခန်းစာမစ်ရှင်လေ့ကျင့်စဉ် ရေချောင်းတစ်ခုဖြတ်ကျော်ရန်ကြိုးပမ်းရာ မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား ၁၈ဦး ရေစီးဖြင့်မျောပါ ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေး ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသားများသည် ၂၀၂၄ စက်တင်ဘာ ၁၁ရက် ညနေက အထက်ပါ ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဆုံးရှုံးသွားရတဲ့ ဆေးသင်တန်းသားတွေအတွက် မိသားစုနဲ့အတူ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့အတူ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်စဉ်ကိုကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဆောင်ရွက်ပြီး အများပြည်သူကိုချပြ ထုတ်ပြန်သွားပါ့မယ်”ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

Public Service Announcement

Public Service Announcement

ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ သင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန် ရည်မှန်းထားခဲ့ပြီး ယခုကဲ့သို့ မတော် တဆဖြစ်စဉ်ကြောင့် ဆေးသင်တန်းသား ၁၈ဦး ဆုံး ရှုံးခဲ့ရသည့်အပေါ် KNDF အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်း၊တပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရကြောင်း ဖော်ပြသည်။

ယခုမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများအား ထုတ်ပြန်အသိပေးသွားမည်ဟု သိရသည်။

လိုအပ်နေသော လူ့အရင်းအမြစ်များနှင့် တော်လှန်ရေးရည်မှန်းချက်များကို မဆုတ်မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း KNDFက ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။