Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ လသားကလေးငယ်နှင့် အမျိုးသမီး ၂ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)တွင် စစ်ကောင်စီတပ်​၏ ဒရုန်းဖြင့် ဗုံးကြဲ၍ အရပ်သား ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသော ကလေးငယ်နှင့် မိခင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)တွင် စစ်ကောင်စီတပ်​၏ ဒရုန်းဖြင့် ဗုံးကြဲ၍ အရပ်သား ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးဘောလုံးကွင်းမှ ဖျံတလင်း ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ထို့ပြင် ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ နေအိမ် တစါလုံး၊ ဆိုင်ကယ် နှစ်စီးပျက်စီးခဲ့ဟု အသိပေးသည်။

စက်တင်ဘာ ၁၅ရက်တွင်လည်း စစ်ကောင်စီတပ်က အလိုင်ခင်ရွာမှ သဲဖြူရွာသစ်ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ မိခင်နှင့်ကလေးငယ်တို့ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရရှိသည့် ကလေးငယ်မှာ (၈)လကျော်သာ ရှိသေးသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရသည်။

(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၃ရက်ကလည်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်သို့လည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ရွှေကျင်မြို့နယ် ဝေါ်ကေ့ရွာနှင့် ရှမ်းစုရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသော်လည်း အရပ်သား ထိခိုက်မှု ရှိ၊မရှိ အခြေအနေ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။