Connect with us

Hi, what are you looking for?

သတင်း

ရွှေကူ – ဗန်းမော်ကြားတွင် စစ်ကောင်စီသင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ် တိုက်ခိုက်

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

ထီးချိုင့်မြို့တနေရာတွင် စစ်ကောင်စီ‌ရေယာဥ်တစ်စင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ၊မိထက်/People’s Spring

ကချင်ပြည်နယ်သို့ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းရန် ရေကြောင်းကလာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရေယာဉ်အချို့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးနစ်မြုပ်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘော၅စီးကို ရွှေကူမြို့အနီးတွင် KIA/KPDF ပူးပေါင်းတပ်က စက်တင်ဘာ ၁၇ရက်တွင် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေကူမြို့၌ ရပ်နားထားသည့် စစ်ကောင်စီသင်္ဘော ၅စီးသည် ယမန်နေ့ နံနက် ၈နာရီတွင် ရွှေကူမှ ဗန်းမော်မြို့သို့ထွက်ခွာလာရာ ရွှေကူမြို့အထက်တစ်နေရာတွင် KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးသင်္ဘောနှင့် နောက်ဆုံး သင်္ဘောတို့ လက်နက်ကြီး ထိမှန်ပြီး သင်္ဘောများ ပြန်ဆုတ်ခွာသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းတွင် အဆိုပါ သင်္ဘောများ ရွှေကူမြို့ဘက်သို့ပြန်လည်ထွက်ခွာလာရာ KIA၏ တိုက်ခိုက်မှုကြောင့် ပစ္စည်းများတင်လာသည့် သင်္ဘောတစ်စီး ရွှေကူအထက်တနေရာတွင် နစ်မြုပ်သွားကြောင်း၊ ညနေ ၅နာရီ မိနစ်၄၀ခန့်တွင်လည်း ဗန်းမော်မြို့နယ် မြလယ်ရွာအနီး ထပ်မံစောင့်ကြိုတိုက်ခိုက်ရာ ပစ္စည်းတင် သင်္ဘော၂ စီးလက်နက်ကြီးထိမှန်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့က ပြောသည်။

“ရှေ့ဆက်သွားမရရေလယ်မှာရပ်နေတယ်။နစ်မြုပ်သွားနိုင်တယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်ရန်အကြိမ်ကြိမ်ကြိုးစားနေသည့် စစ်ကောင်စီသင်္ဘောငါးစီးကို ရွှေကူမြို့နယ်အတွင်း KIAနှင့်PDFက အကြိမ်ကြိမ်တိုက်ခိုက်နေခြင်းဖြစ်သည်။

” စင်းခန်းနဲ့ ရွှေကူကြားမှာ တိုက်ပွဲပြင်းထန်နေပါတယ်။သင်္ဘောသုံးစီးပျက်တယ်လို့ ကြားတယ်။ ဒီမနက်လည်း လေယာဉ်လာပစ်တယ်။ စစ်သင်္ဘောတွေ အထက်ကို ဆက်တက်မရပါဘူး”ဟု စဉ့်ကူးဒေသခံတစ်ဦးက ပြောသည်။

လက်နက်၊စက်သုံးစီနှင့် ရိက္ခာများ သယ်လာပြီး မန္တလေးမြို့မှ ဆန်တက်လာသော

စစ်ကောင်စီသင်္ဘောငါးစင်းသည် ရွှေကူဆိပ်ကမ်းသို့ စက်တင်ဘာ ၃ရက်တွင် ရောက်ရှိလာပြီး စက်တင်ဘာ ၁၂ရက်တွင် မြစ်ကမ်းဘေးမှ စစ်ကူစစ်ကြောင်းနှင့်အတူ ဗန်းမော်မြို့သို့ ဆန်တက်ရန်စတင်ကြိုးစားနေခြင်းဖြစ်သည်။ စက်တင်ဘာ ၁၂ရက်မှ ယနေ့(စက်တင်ဘာ၁၈ရက်)အထိ ဗန်းမော်မြို့သို့ ဆန်တက်ရန် သုံးကြိမ်ကြိုးစားခဲ့ပြီး သုံးကြိမ်စလုံး တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုတွင် “ဆုံးရှုံးမှု ကြီးမားတယ်။ အပေါ်က ကင်းထောက်လေယာဉ်က မလိုက်ပါနိုင်လို့ ဖြစ်တာပါ။ မြစ်ကလည်း ကျဉ်းတယ်။ ရန်သူ့ လက်တစ်ကမ်းမှာဆိုတော့ ဖျက်ဆီးခံရတာ မဆန်းပါဘူး”ဟု ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။