Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်မြို့လယ်တစ်နေရာတွင် တော်လှန်လူငယ်များက ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ ယနေ့ (စက်တင်ဘာ ၁၉) ညပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - AJAY

သုည/People’s Spring

ရန်ကုန်မြို့လယ်တစ်နေရာတွင် တော်လှန်လူငယ်များက ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ ယနေ့ (စက်တင်ဘာ ၁၉) ညပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ” ၊ “ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး”၊ “စစ်မှုထမ်းဥပဒေ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် တိုက်ပွဲဝင်အလံများ ၊ မီးတုတ်များကိုင်စွဲကာ ရန်ကုန်မြို့ ကားလမ်းမကြီးတစ်ခုပေါ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းပြောက်ကျားသပိတ်စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်သူများက ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

အထွေထွေကျပ်တည်းမှုများနှင့် တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်အာဏာရှင်၊ စစ်အုပ်စုကို လူငယ်သပိတ်ကော်မတီ(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ(SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY)တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။