Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်မြို့လယ်တစ်နေရာတွင် တော်လှန်လူငယ်များက ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ ယနေ့ (စက်တင်ဘာ ၁၉) ညပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - AJAY

သုည/People’s Spring

ရန်ကုန်မြို့လယ်တစ်နေရာတွင် တော်လှန်လူငယ်များက ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ ယနေ့ (စက်တင်ဘာ ၁၉) ညပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ” ၊ “ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး”၊ “စစ်မှုထမ်းဥပဒေ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် တိုက်ပွဲဝင်အလံများ ၊ မီးတုတ်များကိုင်စွဲကာ ရန်ကုန်မြို့ ကားလမ်းမကြီးတစ်ခုပေါ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းပြောက်ကျားသပိတ်စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်သူများက ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

အထွေထွေကျပ်တည်းမှုများနှင့် တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်အာဏာရှင်၊ စစ်အုပ်စုကို လူငယ်သပိတ်ကော်မတီ(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ(SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY)တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။