သတင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့ဒီမိုကရေစီအရေးထောက်ခံပွဲ ပြုလုပ် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာများက အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံအားပေးရေး၊ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများကို လွှတ်ပေးရေး စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း AAနှင့် စစ်ကောင်စီ ပလက်ဝနှင့် မောင်တော၌ တိုက်ပွဲဆက်ဖြစ်နေ ယခင် ပိတ်ထားသည့် မောင်တော - ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း လူမိုက်အားကိုးဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်နေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရာထူးကနှုတ်ထွက်ရန် ရွှေပြည်သာ UGအဖွဲ့ သတိပေး "ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း သေဒဏ်ကွပ်မျက်မှုများ စစ်အုပ်စု ထပ်မံမကျူးလွန်ရေး နိုင်ငံတကာကို ဦးဂျင်မီဇနီးဖြစ်သူ ဒေါနီလာသိန်းအခိုင်အမာတောင်းဆို ထို့အပြင် ဦးဂျင်မီတို့ကို စစ်ဆေးသည့်တရားခွင်သည်လည်း တံခါးပိတ်ဖြစ်ကာ အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကြားနာခွင့်မပေးခဲ့ပေ။ LuduNwayOoဩဂုတ် 21, 2022
သတင်း စစ်ကောင်စီတပ်က ပုလဲမြို့နယ် ကျေးရွာသုံးရွာသို့ စစ်ကြောင်းထိုးပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်သုံးလက်ဖြင့် KNDOအဖွဲ့ထံ အလင်းဝင် ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား အသုံးမပြုရန် ဂန့်ဂေါ PDF သတိပေး လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း တန့်ဆည် ဖလံချိုင်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူလေးဦး ဒဏ်ရာရ ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း ကရင်နီပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များစွန့်ခွာသွားသည့် တငူးဆို စခန်းကို မီးရှို့ဖျက်ဆီး အဆိုပါ တငူးဆိုစခန်း နှင့် စစ်ကောင်စီ ကြားစခန်းတစ်ခု အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခြေကုတ်စခန်း (၈)ခု သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 21, 2022