Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

(ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အားတွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အားတွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို အနီးကပ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁နာရီ ၄၈ မိနစ်ခန့်တွင် မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ကားဖြင့် စခန်းရှေ့ထိသွား၍ ဝါးတစ်ပြန်သာသာအကွာလောက်မှ အနီးကပ်ပစ်ခတ်မှုကြောင့်

ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီနှင့် ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။