Connect with us

Hi, what are you looking for?

သတင်း

AAနှင့် စစ်ကောင်စီ ပလက်ဝနှင့် မောင်တော၌ တိုက်ပွဲဆက်ဖြစ်နေ

ယခင် ပိတ်ထားသည့် မောင်တော – ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ - အေအေ)
(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ - အေအေ)

▪️မောင်တောခရိုင်ရှိ စစ်ကောင်စီ လက်အောက်ခံ များကို သုံးလစာ ရိက္ခာစုဆောင်းခိုင်းထား

▪️ဘူးသီးတောင်တွင် စစ်ကောင်စီတပ်က စစ်ဆင် ရေးအသွင်အင်အားသုံး၍ စျေးဝယ်နေဟု ဒေသခံပြော

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် မောင်တောမြောက်ပိုင်းနှင့် ပလက်၀ မြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၃ရက်က ရသေ့တောင်မြို့နယ် တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ခြင်း အပါအဝင် ယင်းနေ့တစ်ရက်တည်း၌ နေရာ ၃ခု၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ စွာကို AAက သိမ်းပိုက်ရရှိခဲ့သည့် အဆိုပါ တိုက်ပွဲများ အပြီးတွင်လည်း ပလက်၀ နှင့် မောင်တောမြောက်ပိုင်းဒေသများ၌ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ - အေအေ)
(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ – အေအေ)

“မြောက်တောမြောက်ပိုင်းမှာလည်း ဒီနေ့ ဆက်ဖြစ်တယ်လို့ ပြောတယ်။ ရသေ့တောင်မြို့ အဝင် ၀မှာလည်း မနက်ကတည်းက စစ်ရေးတင်းမာနေတယ်လို့ ပြောတယ်။ ရသေ့တောင်ကနေ ပုဏ္ဍားကျွန်းကိုလာတဲ့ လမ်းမှာ တံတားရှိတယ် အဲဒီ တံတား ဘယ်ဘက်ညာဘက်မှာ တစ်ဖက်မှာကျရင် စစ်တပ်က ၊ တစ်ဖက်မှာ AAက အဲဒီလိုမျိုး။ပလက်၀မှာက အဓိက စစ်တပ်က ရှေ့ကို တိုးလာတာနဲ့ AAက တိုက်ခိုကမှုတွေဖြစ်တာ။ သူတို့ ဖြစ်ရင် လက်နက်ကြီးတွေပစ်တာပဲ” ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ညှိနှိုင်းဆွေးနွေးမှုများ မရှိပါက ရှေ့ဆက်၍ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနိုင်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဘာဖြစ်လို့လဲဆိုရင် စစ်တပ်ကလည်း မနေ့က ကြားတာက ဘူးသီးတောင်က ဒီမောင်တောခရိုင်မှာ ရှိတဲ့ အစိုးရ ဌာနဆိုင်ရာတွေ စစ်တပ်အပါအဝင် လက်နက်ကိုင်တွေကို သုံးလစာ စားနပ်ရိက္ခာစုဆောင်းဖို့ ပြောလို့ စစ်သားတွေက ဘူးသီးတောင်စျေးထဲမှာ ယူနီဖောင်းတွေနဲ့ သေနတ်တွေလွယ်ပြီး ရိက္ခာတွေ ဝယ်နေကြတာတွေ့တယ်။ စစ်ရေးက ပိုပြီးတော့ ပြင်းထန်လာမယ် နေရာတွေ အတော်များများ ဖြစ်လာမယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ - အေအေ)
(သြဂုတ် ၁၃ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများကို AAကထုတ်ပြန်ထားစဥ်၊ဓာတ်ပုံ – အေအေ)

ရိက္ခာစုဆောင်းခိုင်းသည့် သတင်းစကားကို တပ်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ပြောပြလာခြင်းဖြစ်သည်ဟု ရခိုင်ဒေသခံက ပြောသည်။

ယခင် ပိတ်ထားသည့် မောင်တော – ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။