Connect with us

Hi, what are you looking for?

သတင်း

မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား အသုံးမပြုရန် ဂန့်ဂေါ PDF သတိပေး

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

(ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော ဂန့်ဂေါမြို့နယ် မင်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ PDF GANGAW)
(ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော ဂန့်ဂေါမြို့နယ် မင်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ PDF GANGAW)

ဂန့်ဂေါမြို့နယ်၊ မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား လုံးဝအသုံးမပြုရန် PDF GAN GAW-တောင်ပိုင်းက သတိပေးထုတ်ပြန်သည်။

ယနေ့(သြဂုတ်၂၁ ရက်) နံနက် ၉ နာရီခန့်ကစ၍ မင်းရွာရဲစခန်းမှတဆင့် မင်းရွာ တံတားအတိုင်း မြစ်အနောက်ဘက်ခြမ်းသို့ ထွက်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ တိုက်ခိုက်နေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စခများက တောသွားတောလာ လယ်သမားတွေပါ လိုက်ပစ်ခတ်နေပါသည်။ကျေးဇူး ပြု၍ မိဘပြည်သူ ညီအကိုများ စစ်ခွေးလာရာ လမ်းကြောင်းက်ု နီးစပ်ရာ PDF များကိုမေးမြန်း၍ ရှောင်ပေးကြပါ”ဟု PDF GANGAW တောင်ပိုင်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မင်းရွာရဲစခန်းကို အင်အားဖြည့်တင်းရန် ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ(၅၀)တပ်သည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှ ထွက်လာခဲ့ပြီး သြဂုတ် ၁၉ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

သြဂုတ် ၁၈ ရက်ကလည်း ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ‌ခြောက်ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့ ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ