Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည် ဖလံချိုင်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူလေးဦး ဒဏ်ရာရ

ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။

(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

တစ်ဦးစိုးရိမ်ရပြီး ကားငှား၍မရသောကြောင့် ဆေးရုံပို့ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၂၁ရက်) နံနက် ၂နာရီခန် ဖလံချိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်လက်နက်ကြီးတစ်ချက် ကျရောက်ပေါက်ကွဲကာ နေအိမ်နှစ်အိမ်ရှိ လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလေးဦးအနက် အသက် ၆၀ ခန့် လင်မယားနှစ်ဦးလည်း ထိခိုက်ခဲ့ပြီး အမျိုးသားမှာလည်ပင်း၊ အမျိုးသမီးမှာ ဝမ်းဗိုက် ရှပ်ထိခဲ့သည်။ နောက်တစ်အိမ်မှ သားအဖနှစ်ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူမှာ ပါးနှစ်ဖက် ဖောက်ထွက်ဒဏ်ရာရကာ သွေးထွက်များနေသဖြင့် စိုးရိမ်ရကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ခြေထောက် ရှပ်ထိခဲ့ကြောင်း ​ဒေသတွင်း Voice Of Tazeစာမျက်နှာက ဖော်ပြသည်။

ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

သြဂုတ်လ ၁၉ ရက်ကလည်း တန့်ဆည်မြို့နယ် ဝါးရငယ်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောတပ်ဘက်က ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။