Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များစွန့်ခွာသွားသည့် တငူးဆို စခန်းကို မီးရှို့ဖျက်ဆီး

အဆိုပါ တငူးဆိုစခန်း နှင့် စစ်ကောင်စီ ကြားစခန်းတစ်ခု အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခြေကုတ်စခန်း (၈)ခု သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်မှ စခန်းအားသိမ်းပိုက်ပြီးနောက် မီးရှို့နေစဉ်၊ ဓာတ်ပုံ -Kn.A.C
ကရင်နီပူးပေါင်းတပ်မှ စခန်းအားသိမ်းပိုက်ပြီးနောက် မီးရှို့နေစဉ်၊ ဓာတ်ပုံ -Kn.A.C

▪️အာဏာသိမ်းပြီးနောက် ရှားတောမြို့နယ်ရှိ စစ်ကောင်စီ ခြေကုပ်စခန်း ရှစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီတပ်မတော်အသိပေး

ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အပြီးအပိုင်ဆုတ်ခွာသွားသည့် တငူးဆို တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KA က ယနေ့ ထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်မှ စခန်းအားသိမ်းပိုက်ပြီးနောက် မီးရှို့နေစဉ်၊ ဓာတ်ပုံ -Kn.A.C
ကရင်နီပူးပေါင်းတပ်မှ စခန်းအားသိမ်းပိုက်ပြီးနောက် မီးရှို့နေစဉ်၊ ဓာတ်ပုံ -Kn.A.C

ကရင်နီပြည် ရှားတောမြို့နယ် အတွင်း ရှမ်း-ကယား နယ်စပ်ရှိ စစ်ကောင်စီ ခြေကုပ်စခန်း ပွိုင့်အမှတ် (၅၃၅၀) -ဒေသအခေါ် တငူးဆိုစခန်းကို KA၊ KNDF တပ်ရင်း(၁၇)၊ တပ်ရင်း(၁၄) တို့က ဗျူဟာမြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တငူးဆိုစခန်း နှင့် စစ်ကောင်စီ ကြားစခန်းတစ်ခု အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခြေကုတ်စခန်း (၈)ခု သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

တငူးဆို တပ်စခန်းမှ စစ်ကောင်စီတပ်များသည် ဩဂုတ် ၇ရက်တွင် စခန်းကို စွန့်ခွာလာရာ ကရင်နီ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNDF တပ်ရင်း(၁၇)က ဩဂုတ် ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။