မေးမြန်းခန်း “ခြံခွထိုင်ထားတယ်ဆိုတာမျိုးပုံဖော်ထားတာ။ လုပ်နေတာမဟုတ်ဘူး။ သူတို့(တရုတ်)ကြိုက်တဲ့အဖွဲမြန်မာ့တပ်မတော်။ ဒါပဲရှင်းရှင်းလင်းလင်းလေးပဲ” ယခုတကြိမ်ခရီးစဉ်သည် ယခင်အကြိမ်များကဲ့သို့ နေပြည်တော် သို့ ဦးတည်ခြင်းမဟုတ်ဘဲ ပုဂံသို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ယိ၏ သုံးရက်ကြာခရီးစဉ်အ တွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ခြင်းမရှိသည်ကလည်း ယခု ခရီးစဉ်၏ ထူးခြားချက်ဖြစ်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ရဲဘော်များအဖမ်းခံရသည့်အပြင် လုံခြုံရေးအိမ်များဝင်စီးခံရ၍ လက်နက်ပစ္စည်းများဆုံးရှုံးခဲ့ဟု DRM အသိပေး "ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်"ဟု အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022
နိုင်ငံတကာ သမ္မတ အိမ်တော်ကို သီရိလင်္ကာ ဆန္ဒပြသူတွေ စီးနင်း၊ သမ္မတ ထွက်ပြေးနေရ သမ္မတ အိမ်တော် စီးနင်းမှု ဖြစ်စဉ်အတွင်း လူ ၃၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကိုလံဘို အမျိုးသား ဆေးရုံရဲ့ အမည်မဖော်ပြတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်က AFPကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ဆော – ဆိပ်ဖြူလမ်းအား သွားလာခြင်းမပြုရန် ဒေသPDFတပ်များ သတိပေး ချက်ထုတ်ပြန် အလားတူ ဆော PDFကလည်း ဇူလိုင် ၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းအား မလိုအပ်ပဲသွားလာခြင်း မပြုဖို့ရန် ကြေညာချက်ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း မင်းကင်းနယ် တောင်လက်ဒေသတွင် ပျူစောထီးအဖွဲ့ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။ LuduNwayOoဇူလိုင် 9, 2022
နိုင်ငံတကာ မိခင်ဖြစ်သူ ဒေဝါလီခံရတာနဲ့ ပတ်သက်ပြီး အာဘေးကို ရန်ငြှိုးဖွဲ့ခဲ့ကြောင်း လုပ်ကြံသူ ထွက်ဆို တရားခံဟာ အာဘေးကို မပစ်ခတ်ခင် ဗုံးခွဲမှုတစ်ခု စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တာလို့လည်း ဂျပန် သတင်းဌာန NHKက ဆိုပါတယ်။ ယာမာဂါမီက သူဟာ သံမဏိ ပိုက်တွေကို အွန်လိုင်းကနေ မှာယူပြီး တိပ်တွေနဲ့ ပတ်ထားတဲ့ လက်လုပ်သေနတ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ LuduNwayOoဇူလိုင် 9, 2022
သတင်း စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများဝတ်ဆင်လာဟု YDF အသိပေး ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန် မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း KNU တပ်မဟာ ၁ နယ်မြေထဲ ခြောက်လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံး တပ်မဟာ ၁ နယ်မြေ ဒူးသထူ( သထုံ) ခရိုင် ထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄၄၅ ဦးသေဆုံးကာ ၃၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ပြင်ဦးလွင်ခရိုင် PDFလေးဖွဲ့ မဟာမိတ်အဖြစ်ဖွဲ့စည်း၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပူးပေါင်းတိုက်ခိုက်မည်ဟုဆို ၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။ LuduNwayOoဇူလိုင် 9, 2022