Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများဝတ်ဆင်လာဟု YDF အသိပေး

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)
(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများ ဝတ်ဆင်လာကြောင်း YDF(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၉ ရက်) ညနေ ၃ နာရီခွဲခန့်က ထီးလင်းမြို့သို့ ရဟတ်ယာဥ်တစ်စင်းဆင်း၍ စစ် ကောင်စီတပ်သား ၂၅ဦး ခန့်ချသွားခဲ့သည်ဟု ဆိုသည်။

ထိုသို့ အင်အားဖြည့်တင်းမှုသည် ယခုလ ၂ ရက်က YDF နှင့် တိုက်ပွဲတွင် သေဆုံးသွားသော စစ် ကောင်စီတပ်သားများနေရာတွင် အစားထိုးခြင်းဖြစ်နိုင်ကြောင်း YDFက ခန့်မှန်းသည်။

(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)
(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)

ထို့အပြင် PDFယူနီဖောင်း၊ ဦးထုပ်ဝိုင်းများ ဝတ်ဆင်ထားသဖြင့် ပြည်သူများအထင်လွဲမှားစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ စစ်ဆေးရေးဂိတ်ထောင်ခြင်း၊ရမ်းကားခြင်းနှင့် ဂိတ်ကြေးတောင်းခြင်းများပြုလုပ်လာနိုင်သဖြင့် ပြည်သူများ သတိထားရှောင်ရှားနိုင်ရန်လည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လူအင်အားလာဖြည့်တယ်လို့ ယေဘုယျ ယူဆတယ်။ဒါပေမယ့် လာဖြည့်တဲ့ စစ်ကောင်စီတပ်သားတွေက PDF ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့အတွက် စိုးရိမ်စရာရှိတယ်။ဒါကြောင့် ဒေသတွင်းက ပြည်သူတွေရော တပ်ဖွဲ့ဝင်တွေအနေနဲ့ သတိပိုပြုရမယ့် အပိုင်းရှိလာပြီ။ဒါကိုလည်း ပြည်သူ တွေကိုရောသက်ဆိုင်ရာတပ်ဖွဲ့အဆင့်လိုက် သတင်းချိတ်ဆက်ပို့နေတယ်”ဟု YDF ထီးလင်းတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထား သည်။

မေလနောက်ဆုံးပတ်ကစ၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ဒေသတွင်းနယ်မြေစိုးမိုးမှုကို အသာစီးယူရန် ကြိုးပမ်း နေခြင်းဟု ယောဒေသ စစ်ရေးစောင့်ကြည့်သူတစ်ဦးက People’s Springသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook