Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများဝတ်ဆင်လာဟု YDF အသိပေး

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)
(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများ ဝတ်ဆင်လာကြောင်း YDF(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၉ ရက်) ညနေ ၃ နာရီခွဲခန့်က ထီးလင်းမြို့သို့ ရဟတ်ယာဥ်တစ်စင်းဆင်း၍ စစ် ကောင်စီတပ်သား ၂၅ဦး ခန့်ချသွားခဲ့သည်ဟု ဆိုသည်။

ထိုသို့ အင်အားဖြည့်တင်းမှုသည် ယခုလ ၂ ရက်က YDF နှင့် တိုက်ပွဲတွင် သေဆုံးသွားသော စစ် ကောင်စီတပ်သားများနေရာတွင် အစားထိုးခြင်းဖြစ်နိုင်ကြောင်း YDFက ခန့်မှန်းသည်။

(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)
(YDF(ထီးလင်း)၏ ယူနီဖောင်းနှင့်တံဆိပ်အား ပြသထားစဥ်)

ထို့အပြင် PDFယူနီဖောင်း၊ ဦးထုပ်ဝိုင်းများ ဝတ်ဆင်ထားသဖြင့် ပြည်သူများအထင်လွဲမှားစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ စစ်ဆေးရေးဂိတ်ထောင်ခြင်း၊ရမ်းကားခြင်းနှင့် ဂိတ်ကြေးတောင်းခြင်းများပြုလုပ်လာနိုင်သဖြင့် ပြည်သူများ သတိထားရှောင်ရှားနိုင်ရန်လည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လူအင်အားလာဖြည့်တယ်လို့ ယေဘုယျ ယူဆတယ်။ဒါပေမယ့် လာဖြည့်တဲ့ စစ်ကောင်စီတပ်သားတွေက PDF ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့အတွက် စိုးရိမ်စရာရှိတယ်။ဒါကြောင့် ဒေသတွင်းက ပြည်သူတွေရော တပ်ဖွဲ့ဝင်တွေအနေနဲ့ သတိပိုပြုရမယ့် အပိုင်းရှိလာပြီ။ဒါကိုလည်း ပြည်သူ တွေကိုရောသက်ဆိုင်ရာတပ်ဖွဲ့အဆင့်လိုက် သတင်းချိတ်ဆက်ပို့နေတယ်”ဟု YDF ထီးလင်းတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထား သည်။

မေလနောက်ဆုံးပတ်ကစ၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ဒေသတွင်းနယ်မြေစိုးမိုးမှုကို အသာစီးယူရန် ကြိုးပမ်း နေခြင်းဟု ယောဒေသ စစ်ရေးစောင့်ကြည့်သူတစ်ဦးက People’s Springသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။