Connect with us

Hi, what are you looking for?

သတင်း

ဆော – ဆိပ်ဖြူလမ်းအား သွားလာခြင်းမပြုရန် ဒေသPDFတပ်များ သတိပေး ချက်ထုတ်ပြန်

အလားတူ ဆော PDFကလည်း ဇူလိုင် ၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းအား မလိုအပ်ပဲသွားလာခြင်း မပြုဖို့ရန် ကြေညာချက်ထုတ်ပြန်သည်။

လောင်းရှည် PDF
လောင်းရှည် PDF

ကန်ဇွန်းမရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေဟုဆို

မကွေးတိုင်း ဆောမြို့နှင့် ဆိပ်ဖြူမြို့လမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ (ဇူလိုင် ၉ရက်)မှစ၍ အဆိုပါ လမ်းပိုင်းအား လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လောင်းရှည် PDFက ကြေညာသည်။

ဆော/ဆိပ်ဖြူ လမ်းပိုင်းအား ပြန်လည်သွားလာခွင့်ကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်းအသွားအလာမလုပ်ရန် လောင်းရှည် PDFက မေတ္တာရပ်ခံပန်ကြားထားပြီး ကြေညာချက်ကို ဂရုမပြုဘဲအသုံးပြုသွားလာကြပါက လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း သတိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ ဆော PDFကလည်း ဇူလိုင် ၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းအား မလိုအပ်ပဲသွားလာခြင်း မပြုဖို့ရန် ကြေညာချက်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆော – ဆိပ်ဖြူလမ်းပိုင်း ကန်ဇွန်းမရွာနှင့် ဖလံမကျေးရွာကြားတွင် ဇူလိုင် ၇ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က မိုင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၁၅ဦးခန့် သေဆုံးပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဆိပ်ဖြူဘာမထီအဖွဲ့၊ချောက်(ပကဖ)အဖွဲ့ ၊PDF-SAW တပ်ရင်း (၁)၊ ခွပ်ဒေါင်းတပ်ခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။