ဆောင်းပါး
လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။