Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းတိုက်ပွဲ စစ်တပ် အများအပြားသေဆုံး၊ ဒဏ်ရာရသူ ၃၀၀ ကျော် လေယာဉ်နဲ့ သယ်ရ

စစ်တပ်က အင်အားဖြည့်တာ၊ ဗုံးကြဲတာ ဆက်လုပ်

စစ်တပ်က အင်အားဖြည့်တာ၊ ဗုံးကြဲတာ ဆက်လုပ်

ဇူလိုင် ၁၈၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးမှုများပြားလျက်ရှိပြီး ဒဏ်ရာရသူ ၃၀၀ ကျော်ကို လေယာဉ်နဲ့ ပြန်သယ်သွားရတယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက် ပြန်ရဖို့ မေလလယ်က စတင်ခဲ့ရာ တိုက်ပွဲ တလခွဲကျော် ၂လနီးပါး ကာလအတွင်း စစ်တပ်ဘက်က ထိခိုက်မှု အခြေအနေကို အခုလို ပြောတာပါ။

“ဒဏ်ရာရ ၃၀၀ ကျော် Y8နဲ့ ပြန်သယ်တယ်။ သေဆုံးစာရင်းမသိဘူး။ ကျောက်ထုတပ်ထဲ လူနာထားမဲ့နေရာ မရှိ ပြည့်နေတယ်။ နေ့တိုင်း အလောင်းတွေ မီးရှို့နေရတယ်လို့ ကျောက်ထုဘက်က ပြောတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ကျောက်ထုဟာ ချင်းတောင်ပိုင်းနဲ့အစပ် မကွေးတိုင်း ဆောမြို့နယ်အတွင်းက ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချင်းတောင်ပိုင်းတိုက်ပွဲမှာအထိနာတဲ့ စစ်တပ်ဟာ စစ်ကူအင်အားတွေ ထပ်ဖြည့်နေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကန်ပက်လက်မြို့နယ်ကို ဆက်တိုက်လေကြောင်း တိုက်ခိုက်နေတဲ့ စစ်တပ်ဟာ ဒီကနေ့ ဇူလိုင် ၁၈ရက်နဲ့ ဇူလိုင် ၁၇ရက်တွေမှာ မင်းတပ်ကို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

မင်းတပ်မြို့ပေါ် ၂နေရာကို ဇူလိုင် ၁၇ရက် ညနေပိုင်းက ဖျက်အားပြင်း ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့သလို ဒီကနေ့ ညနေပိုင်းမှာလည်း မင်းတပ်မြို့အနီးကို ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကျောက်ထုဒေသ မိအယ်ရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၂၀၀ ခန့်ရှိပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဒေသတွင်းမှာ အရေးပါအချက်အခြာကျတဲ့ မင်းတပ် -ထီးလင်းနဲ့ ကျောက်ထု ဆုံရာ ထီးလင်းမြို့နယ် ရွှေအောင်သာကျေးရွာကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အနေနဲ့ စစ်ရေး သတင်းတွေ အသေးစိတ် ထုတ်ပြန်တာ မရှိသေးပေမဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို မဟာမိတ်တွေနဲ့အတူ လက်တွဲ ခုခံနေကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ကာလရှည် တိုက်ပွဲဖြစ်လို့ ပြည်သူတွေလည်း တက်နိုင်တဲ့ဘက်က ပါဝင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။