Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်‌နေ့ ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ကြဖို့ စစ်ကိုင်းသပိတ်အင်အားစု တိုက်တွန်း

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ “ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး”မှာ ပါဝင်ကြဖို့ နိုးဆော်တဲ့ လှုပ်ရှားမှုကို စစ်ကိုင်းမြို့နယ် လူထုသပိတ် အင်အားစုက ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၁၈၊ ၂၀၂၆။ သတိုး/People’s Spring

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ “ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး”မှာ ပါဝင်ကြဖို့ နိုးဆော်တဲ့ လှုပ်ရှားမှုကို စစ်ကိုင်းမြို့နယ် လူထုသပိတ် အင်အားစုက ပြုလုပ်ခဲ့ပါတယ်။

၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေနဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူအားလုံး ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး မှာ ပါဝင်ဖို့ တောင်းဆိုထားတာပါ။

“ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး”မှာ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ လက််နက်ကိုင်တိုက်ပွဲ လူထုတိုက်ပွဲကဏ္ဍအသီးသီးမှာကျဆုံး နွေဦးသူရဲကောင်း ဂူဗိမာန်‌တွေကို စုဝေးချီတက်တာ၊ ဂုဏ်ပြုအထိမ်းအမှတ်ပွဲများ လုပ်တာ၊ အာဇာနည်နေ့အထိမ်းအမှတ် အနက်ရောင်လှုပ်ရှားမှု(Black Movement)အနေနဲ့ အနက်ရောင် အဝတ်အစား၊ ဖဲကြိုး၊ ဦးထုတ် စတာတွေဝတ်ဆင်တာ နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ နံနက် (၁၀:၃၇) နာရီမှာ ရောက်ရာနေရာကနေ ငြိမ်သတ်အလေးပြုတာ၊ ဥဩဆွဲတာ၊ ဟွန်းတီးတာတွေ ပြုလုပ်ဖို့ တောင်းဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုကြီးကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ဖို့ ၊အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းဖို့နဲ့ မြန်မာပြည်ရဲ့ သမ္မတက ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်‌ကြောင်း ဖော်ပြသွားမယ်လို့ ကြေညာထားပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်မျိုးဆက်အသီးသီးရဲ့ မပြီးဆုံးသေးတဲ့ တိုင်းပြည်တည်ဆောက်ရေးခရီးကို အဆုံးတိုင် ဆက်လက် ချီတက်ကြပါစို့။” လို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်တပ်ကလည်း အာဇာနည်နေ့မှာ အနက်ရောင်ဝတ်ဆင်တာတွေ ဟွန်းတီးတာတွေ မပြုလုပ်ဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

ပြည်သူတွေကတော့ အာဏာသိမ်းကာလမှာတောင် အာဇာနည်နေ့တိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့ချိန်မှာ ဟွန်းတီးတာတွေ ငြိမ်သက်ပေးတာတွေကို တတ်နိုင်သလောက်ပြုလုပ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။