Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး တိုက်ခိုက်မယ့် အချိန်က ပိုနီးလာနေပြီလို့ အီရန် သတိပေး

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ ရေတပ်တွေကို အချိန်ပြည့် စောင့်ကြည့်နေပြီး လက်တွေ့ တိုက်ခိုက်မယ့် အချိန်ကာလက တရွေ့ရွေ့ နီးကပ်လာနေပြီလို့ အီရန်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - US Navy

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ ရေတပ်တွေကို အချိန်ပြည့် စောင့်ကြည့်နေပြီး လက်တွေ့ တိုက်ခိုက်မယ့် အချိန်ကာလက တရွေ့ရွေ့ နီးကပ်လာနေပြီလို့ အီရန်က သတိပေးခဲ့ပါတယ်။

အီရန်ရဲ့ အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဇူလိုင် ၁၇ ရက်နေ့မှာ အခုလိုမျိုး သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ အမေရိကန်ဟာ အီရန်ကို ၇ ညဆက်တိုက်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အီရန်ရော၊ အမေရိကန်ကပါ စစ်ရေးပစ်မှတ်တွေသာ မကဘဲ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကိုပါ တိုက်ခိုက်လာတာကြောင့် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဇူလိုင် ၁၇ ရက်နေ့တုန်းက IRGC ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ CENTCOM လက်အောက်ခံ အမေရိကန် ရေတပ်ရဲ့ ပင်လယ်ကွေ့ ဒေသတွင်း လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေကြောင်းနဲ့ Zero Hourက တရွေ့ရွေ့ နီးကပ်လာနေကြောင်း ဖော်ပြထားပါတယ်။ Zero Hour ဆိုတာက အရေးပါတဲ့ စစ်ဆင်ရေးတစ်ခု စတင်ချိန်ကို ရည်ညွှန်းတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရေတပ်ရဲ့ လှုပ်ရှားမှုတိုင်းဟာ အီရန် ရေတပ် ယူနစ်တွေရဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခြင်းကို ခံနေရကြောင်း၊ အီရန် လက်နက်ကိုင် တပ်ဖွဲ့တွေက ဒေသတွင်း ရေပြင်မှာ CENTCOMရဲ့ ရေတပ် ယူနစ်တွေကို တိုက်ခိုက်မယ့် Zero Hourဟာ ပိုမိုနီးကပ်လာနေကြောင်း IRGC ရေတပ် စစ်ဦးစီးဌာနက ဆိုပါတယ်။

ဘယ်အချိန်မှာ လက်တွေ့တိုက်ခိုက်မလဲ ဆိုတာမျိုးကိုတော့ ကြေညာချက်မှာ ဖော်ပြမထားဘဲ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပြေငြိမ်းရေး သဘောတူညီချက် ရရှိတဲ့ထိ ဆက်လက် ဆွေးနွေးမယ့် နားလည်မှု စာချွန်လွှာ (MoU) တစ်ခုကို ပြီးခဲ့တဲ့လက လက်မှတ် ရေးထိုးထားပေမယ့် အခုတော့ နှစ်ဖက်ကြားက အပစ်ရပ် ကတိကဝတ်ဟာ ပျက်ပြယ်သွားပြီလို့ ဆိုနိုင်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲလာနိုင်တယ်လို့ ခြိမ်းခြောက်ထားသလို အီရန် ကမ်းရိုးတန်းနဲ့ ဟောမုဇ် ရေလက်ကြားထဲက ကျွန်းတွေကို မြေပြင်တပ်တွေ စီးနင်း တိုက်ခိုက်နိုင်ခြေကိုလည်း ပယ်ချမထားပါဘူး။

အမေရိကန် အစိုးရ အရာရှိတွေက အီရန်တောင်ပိုင်းရဲ့ သတ်မှတ်ဇုန်နယ်မြေတွေကို ဝင်ရောက် တိုက်ခိုက်ဖို့ ဆိုတာဟာ သမ္မတ ထရမ့် စဉ်းစားနေတဲ့ ရွေးချယ်မှုတွေထဲမှာ ပါဝင်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Anadolu Ajansı

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။