Hi, what are you looking for?
အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလောက် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။
ထီးချိုင့်၊ကသာ၊အင်းတော်မြို့နယ်တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်းတွေဟာ စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစုဆောင်းထားတဲ့ ၊ပေါ်တာဆွဲထားတဲ့ စစ်သားသစ်တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။