Connect with us

Hi, what are you looking for?

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ရသစာတမ်းငယ်

မြရဲလွင် (ဝေးလွင့်ငှက်) သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်… အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။ အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့...

ကဗျာ

ဇွဲမာန် တဘဝလုံးနီးမျှဗုဒ္ဓရဲ့ဝတ်လဲတော်ကို ဆင်မြန်းခဲ့တဲ့သူကကျောင်း သင်္ကန်း ပရိက္ခရာကို စွန့်ခဲ့တယ် သေနတ်ကို ရင်ဝယ်ပိုက်လို့..ယုံကြည်ချက်ကို ကျောမှာပိုးလို့..တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ကျော်ခဲ့တဲ့ တော်လှန်ခရီးကြမ်းမှာစစ်ချီသံတွေ မြိုင်ဆိုင်ခဲ့တယ်စစ်သည်တော်လို ကျင့်ကြံနေထိုင်ခဲ့တယ် ဗုဒ္ဓရဲ့သားတော်စစ်စစ်ဟာအမှန်တရားကို ဘုရားလို ဆည်းကပ်ခဲ့တယ်အမိမြေကို ဦးထိပ်ပန်ဆင်တတ်ခဲ့တယ်ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ် တဘဝလုံးနီးမျှတရားဓမ္မကိုလက်ကိုင်ထားခဲ့တဲ့သူကစစ်မြေပြင်မှာအမှုတော်ကို ရဲဝံ့စွာထမ်းရွက်ခဲ့တယ်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ် တော်လှန်သူတို့ရဲ့သမိုင်းမှာသူရဲကောင်းတယောက်လို့အာဇာနည်တပါးလို့မော်ကွန်းလှလှ ရေးထိုးသွားခဲ့တယ်။...

ဝတ္ထုတို

မပိုးအိမ် အပြင်ဘက်မှာ နေရောင်ခြည်က သေလုမျိုးပါးပုံစံမျိုးနဲ့ အားနည်းနေခဲ့ပြီ။ ဒီ အခန်းကျဉ်းလေးထဲမှာတော့ အမှောင်ထုက နံရံတွေကို လာရောက် ပွတ်တိုက်နေကြတယ်။ အသေးငယ်ဆုံး ဖုန်မှုန့်လေးတွေတောင် လေထဲမှာ မကူးခတ်နိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်လို့။ ကျမ ခြေထောက်တွေကတော့ အပ်ချုပ်စက်ကို တချောက်ချောက်မြည်အောင် နင်းနေဆဲ။ တချက်ချင်း ကျလာတဲ့...

ကဗျာ

မှောင်ပြပြ တိုက်ခန်းကျဉ်းလေးထဲအိပ်နေတဲ့သားရဲ့ မျက်နှာကို ကြည့်ရင်းလမ်းထဲက ညဉ့်နက်ခွေးဟောင်သံတွေ ကြားတိုင်းအမေ့ရင်ခုန်သံဟာသေနတ်သံထက်တောင် ကျယ်လောင်နေခဲ့တယ်… စက္ကန့်တိုင်းမှာ‘ငါ့သားကို လုယူသွားကြမလား…’ ဆိုတဲ့ကြောက်ရွံ့မှုတွေနဲ့မိုးမလင်းနိုင်တဲ့ စိတ္တဇညပေါင်းများစွာကိုအမေ ဖြတ်သန်းခဲ့ရတယ်… အိမ်ရှေ့ အိမ်နောက်တိတ်ဆိတ်စွာ ကင်းစောင့်ရင်းတတ်သမျှ၊ မှတ်သမျှဆုတောင်းတွေနဲ့သားကို အမေ အကာအကွယ်ပေးနေခဲ့တယ်… လမ်းမပေါ်က သွေးစက်တွေကြားတောတောင်ထဲက သေနတ်သံတွေကြား‘ငါ့သားလေးရဲ့အသွေးအသားနဲ့အော်သံတွေများ ပါနေမလား…’ ဆိုတဲ့အိပ်မက်ဆိုးတွေကိုနိုးရက်နဲ့ ခံစားခဲ့ရတာလက...

ကဗျာ

▪︎ဂျွန်မိုး​ရေ ဆူးလေမှာ ဓာတ်ဖမ်းတယ်Focus က မပြတ်ဘူး။ အင်းလျားမှာ ဓာတ်ဖမ်းတယ်Focus က မပြတ်ပြန်ဘူး။ ငါ ညစ်နေတာ ဒီမနက် အိပ်ယာထမှတဲ့လားရန်ကုန်မှာ ရန်မကုန်သမျှတော့ရန်ကုန်ဟာ သူပုန်မြို့လုံးကျွတ် သူပုန်။ သေနတ်မှမရှိရင် အသက်မရှိတတ်တဲ့ကောင်တွေကထ ထ ဟောင်တယ်နွေဦးကို သွေးကြောင်မယ် အထင်နဲ့။ ဒင်းတို့ရဲ့ဟောင်သံတချက်တိုင်းမှာငါတို့က အောင်လံထူတော့ကြိုးတွေသာ...

ရသစာတမ်းငယ်

▪︎ဘဘဝ တလရမိတ်ဆွေ တယောက် သတင်းပါးတယ်။ ကိုဘိုရေ “လူတွေ ၅ ယောက်ကျ ၊ ၈ ယောက် ဆေးရုံမှာ ၊ ဖြတ်တောက်ရမှာ ၂ ယောက် … Safety SOP မလိုက်နာလို့ Spark ထွက်ပြီး ထကွဲတာ …”...

ကဗျာ

ခွန်းနီ မရည်ရွယ်ဘဲဖိနပ်တရံဝယ်ခဲ့တယ်။ လာ သူငယ်ချင်းမင်းနဲ့ငါကအရွယ်တူဘဝတူဖိနပ်ဆိုဒ်ပါလာတူနေတော့ငါတို့အတူတူစီးကြတာပေါ့ မပြီးဆုံးသေးတဲ့ဒီတော်လှန်ရေးခရီးဝယ်မင်းကဘယ်ဘက်ကိုစီးငါကညာဘက်ကိုစီးမယ်ဒါဆို ကြီးကျယ်တဲ့အောင်ပွဲဆီဒီဖိနပ်ကလေးနဲ့ချီကြမယ် ဖိနပ်ကတရံလူကနှစ်ယောက်ဆိုပေမဲ့အတိုင်အဖောက်ကညီပါတယ်တယောက်တဖက်စီးလို့တို့ခရီးကိုဆက်ကြအုံးစို့လေ လာ သူငယ်ချင်းမရှိတော့တဲ့ခြေထောက်တဖက်အတွက်ဘာမှယောက်ယက်ခတ်မနေနဲ့တဖက်တည်းကျန်လဲလောကဓံကိုငါတို့ကန်နိူင်သေးတယ် အများအတွက်ငါတို့ခြေထောက်တွေပေးဆပ်ခဲ့တာပဲမြတ်ပါတယ် ။ ။ (မှတ်ချက်။ ။ နွေဦးတော်လှန်ရေးအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုရေးသားခြင်းဖြစ်ပါတယ်) (The Call -ခေါ်သံ “အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “​ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို...

ဝတ္ထုတို

မောင်မိုးအေး မိုးရွာ လမ်းကြမ်း မှောင်နဲ့မည်းမည်းထဲ ကြာမြင့်စွာ ဆိုင်ကယ်စီးခဲ့ရပြီးနောက် ခရီးတထောက် အနားယူရမည်ဟူသော အိမ်ကြီးသို့ ရောက်ခဲ့ချေပြီ။ နာရီကလည်း မပါ။ ဖုန်းတွေကလည်း အားကုန်ချေပြီ။ တောကြီးမျက်မည်းထဲ တနေကုန် မိုးထဲ ဗွက်ထဲက လာခဲ့ရသည်မို့ လူတွေလည်း မောဟိုက် နုံးခွေနေကြပြီ။ ရွာစွန်တောင်ထိပ် အမှောင်ထဲက...

ကဗျာ

အာကာဘုန်းဝေ လူတွေဟာ ခေတ်တွေဆီသို့သွားနေတာလားခေတ်တွေကပဲ လူတွေဆီသို့လာနေတာလားအရာရာဟာ မသဲမကွဲ ။ ကျောက်ခေတ်ကြေးခေတ်သံခေတ်နည်းပညာခေတ် ခေတ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ရတယ် ။အချစ်နှင့်အနုပညာခေတ်ကိုမရောက်နိုင်သေးဘူးမဟုတ်လား ။ အလင်းနှစ်သန်းပေါင်းများစွာဖြတ်ကျော်လာခဲ့ရတယ် ။ကမ္ဘာဟာ ဒဏ်ရာတွေကိုတကယ်မဖြေဖျောက်နိုင်သေးဘူးမဟုတ်လား ။ ကမ္ဘာဟာခက်ထန်ကြမ်းတမ်းတဲ့နေ့ရက်တွေနှင့်အတူခက်ထန်ကြမ်းတမ်းတဲ့ဘဝတွေနှင့်အတူအခုထိ အသည်းကွဲနေရဆဲ ။ ခေတ်တွေဟာချစ်စရာကောင်းတာလားဒါမှမဟုတ်ခေတ်တွေဟာကြောက်စရာကောင်းတာလားငါတို့ရဲ့ ကမ္ဘာကြီးထဲမှာ ။ ။ (The Call...

ရသစာတမ်းငယ်

ဆောလျန် ဇာတိမြို့ ဗုံးကြဲခံနေရတဲ့ အချိန်တုန်းက အဲဒီမိန်းမက အိပ်ပျော်နေခဲ့တာ။ အိပ်ပျော်နေတယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အသက်လု ထွက်ပြေးရပြီးကတည်းက နောက်က ကပ်ပါလာတဲ့ ဆင်တူယိုးမှား ခြောက်အိပ်မက်တွေထဲမှာ တဝဲလည်လည် နစ်မြုပ်ရင်း အိပ်တဝက် နိုးတဝက် ဖြစ်ရလေ့ရှိတဲ့ ညများစွာထဲက တညပဲကိုး။ ဇာတိမြို့...

Facebook