Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲ​ဆောက်မြို့မှာ ဒီက​နေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အုပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် အသိပေးထုတ်ပြန်သည်။

သတင်း

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ ယနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လည်ပိုင်းကစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)မှ စစ်ပွဲများအတွင်း ဖမ်းဆီးထားပြီး မကြာမီပြန်လွှတ်ပေးရန်ပြင်ဆင်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးအပါအဝင် စုစုပေါင်း ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ယနေ့ (ဇန်နဝါရီ ၁၉ရက်) သတင်းထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားရန် စီမံထားပြီး KNLA၊PDFများနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

သတင်း

မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် ကာ ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)ကို ၁၀၇ မမရှော့တိုက်ဒုံးရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းမှ စစ်ရှုံး၍ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက သုံးကြိမ်ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးအထိရှိသည်ဟု ယောဗျူဟာ တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook