Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် အင်အားထပ်မံဖြည့်တင်းနေဟု PNLA ပြော

တိုက်ပွဲကြောင့် စစ်ရှောင်ထောင်ချီရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေဟုဆို

စစ်ကောင်စီက ပအိုဝ်းဒေသ နောင်ထောဝ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA

ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေ၍ တိုက်ပွဲများအချိန်မရွေးဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

အင်အား ၅၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့ စစ်ပူးပေါင်းတပ်နှင့် PNLAတို့သည် ဇန်နဝါရီ ၁၇ရက်က ဆီဆိုင်မြို့နယ် ပင်ငိုရွာ၊ နောင်ကျောရွာနှင့် ဖြီကျွတ်ကျေးရွာများအနီး တိုက်ပွဲ တနေကုန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အင်အားအများအပြားပြုန်းတီးခဲ့သည်ဟု PNLAက အသိပေးထားသည်။

အထိနာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားပြီး တပ်အင်အားဖြည့်တင်းနေကြောင်း ၊ ဇန်နဝါရီ ၁၈ရက်နှင့် ယနေ့ (ဇန်နဝါရီ ၁၉ရက်) နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“သူတို့ လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ပစ်တာ တော့ရှိတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

ဖြီကျွတ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က အများအပြားကျဆုံးခဲ့သည့် သတင်းကြားရသည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်အခြေအနေများကို လူထာနွေဦးက သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

“သူတို့ လူအင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။ ဒါကြောင့် အချိန်မရွေးတိုက်ပွဲ ဆက်ဖြစ်မယ့်အနေအထားဖြစ်ပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းဒေသများရှိ ပအိုဝ်းပြည်သူထောင်ချီ တောတောင်ထဲ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

” ဒီပြည်သူတွေအတွက်လည်း အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေများစွာလိုအပ် လျက်ရှိပါတယ်”ဟု ခွန်ရိန်းယံက ပြောကြားသည်။

ဆီဆိုင်မြို့နယ် ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်သည် ရက်တိုသင်တန်းပေးထားသည့် ပအိုဝ်းဒေသခံများအသုံးပြုကာ မြေပြင်ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်များပြားနေခြင်းဖြစ်သည်ဟု PNLA၏ ဦးဆောင်အဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မင်းက ယမန်နေ့တွင် ပြောကြားထားသည်။

ယခုထိုးစစ်ဆင်လာသည့် စစ်ကြောင်းတွင် စစ်ကောင်စီဘက်က ကွပ်ကဲမှုအပိုင်း၊ ဆက်သွယ်ရေးအပိုင်း အဓိက ယူပြီး အင်အား ၈၀ ရာခိုင်နှုန်းကျော်မှာ ရက်တိုသင်တန်းပေးထားသည့် ပအိုဝ်းပြည်သူ့စစ်များ ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲဖြစ်ပွားပြီး ဇန်နဝါရီ ၁၈ရက်တွင် စစ်ကောင်စီက ဆီဆိုင်မြို့နယ် လွယ်ချယ်ရွာကို ၂ကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း PNLAဘက်က ထိခိုက်ကျဆုံးအခြေအနေကို အသိပေးထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။