Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အုပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကိုတွေ့ရစဥ်(ဓာတ်ပုံ - အုတ်တွင်း ပကဖ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အုပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၈ရက်)ည ၈ နာရီ ၄၀မိနစ်ခန့်က အုန်းပင်အုပ်စု၊ သံတိုင်ခင်ကျေးရွာအနီး ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် စစ်မှုထမ်းခိုင်းရန်လိုက်ပါနေသော ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အုတ်တွင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်အရာရှိအပါအဝင် စစ်သားသုံးဦး၊ ရဲနှစ်ဦးနှင့်အုပ်ချုပ်ရေးမှူးတို့မှာ နေရာတင် ပွဲချင်းပြီးသေဆုံး၍ စစ်သားတစ်ဦးမှာ ဒဏ်ရာဖြင့်ထွက် ပြေးလွတ်မြောက်သွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်ပကဖ မှ​ အသိပေးသည်။

Public Service Announcement

Public Service Announcement

“အုတ်တွင်းမြို့ထဲကနေ သံတိုင်ခင်ဘက်ကို ကင်းလှည့်တာပါ။ ဆိုင်ကယ်နဲ့ ကင်းပတ်လာတာ။ မော်တော်ယာဥ်များကိုတော့ မရခဲ့ပါဘူး”ဟု အုတ်တွင်းမြို့နယ်ပကဖ မှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA 3 (၁)လက်၊ MA 1 (၁)လက် ၊ G3 (၂)လက်၊ အူစီ (၁)လက်၊ MA ကျည်ဘောက် (၅)ခု၊ G3 ကျည်ဘောက် (၄)ခု၊ အူစီကျည်ဘောက် (၁)ခု၊ လက်ပစ်ဗုံး (၁)လုံးနှင့် ဓါးမြှောင်(၂)ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များမှာ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများယူဆောင်၍ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော သံတိုင်ခင်ကျေးရွာသည် အုတ်တွင်းမြို့နှင့် ကပ်လျှက် ကျေးရွာဖြစ်ပြီး ရန်ကုန် − မန္တလေးလမ်းဟောင်းအနီးတည်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင်လည်း ဇန်နဝါရီ ၁၆ ရက်က မုက္ခမူရွာမှ စစ်ကောင်စီဂိတ်နှင့် ကြံဘိုကုန်းရွာမှ ဂိတ်စခန်းတို့ကို PDF တပ်ရင်း ၃၇၀၃(မီးနဂါးများ)နှင့် တောကြီးကန်း(၇)ကောင်စစ်ကြောင်း၊တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrion Drone Team၊ ၁၈၀၅ Drone Team တို့ပူး ပေါင်းပြီး စီးနှင်းတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

သတင်း

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။