Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုတိုက်ခိုက်ရန် မွန်တပ်ဖွဲ့လေးခုပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

မွန်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားရန် စီမံထားပြီး KNLA၊PDFများနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

ရာမညပူးတွဲစစ်ကြောင်းဟု ဖွဲ့စည်းလိုက်သည့် မွန်တပ်ဖွဲ့ လေးဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်

ဟန်နွေ/People’s Spring

မွန်ပြည်နယ်အနှံ့ရှိ စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ခုပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

ဇန်နဝါရီ ၁၇ရက်က မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) တို့ လွတ်မြောက်နယ်တစ်နေရာတွင် အစည်းအဝေးပြုလုပ်ကာ တပ်ဖွဲ့ (၄)ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် ‘ရာမညပူးတွဲစစ်ကြောင်း’ဟု ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု မွန်တပ် ၄ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၉ရက်)ပူးတွဲ ထုတ်ပြန်သည်။

“ဒီပူးပေါင်းဖွဲ့စည်းထားတဲ့ ရာမညစစ်ကြောင်းကနေ စစ်ရေးလှုပ်ရှားမှုတွေ မွန်ပြည်နယ်အနှံ့ ပြုလုပ်သွားဖို့ စစ်ရေးဆိုင်ရာ စီမံချက်တွေချထားတာလည်းရှိပါ”ဟု ရာမညပူးတွဲစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

ရာမညပူးတွဲစစ်ကြောင်းအနေဖြင့် အခြား တော်လှန်ရေးတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFတပ်ဖွဲ့များနှင့်ပူးတွဲ တိုက်ပွဲဝင်သွားမည်ဟု ၎င်းက အသိပေးသည်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်မှုတွင် မပါဝင်သေးသော ဝါရင့်မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ မွန်ပြည်သစ်ပါတီ(NMSP) ခေါင်းဆောင်များအနေဖြင့်လည်း လက်ရှိ အချိန်တွင် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို စွန့်လွှတ်သင့်ကြောင်း ဒေါက်တာသီရိမွန်ချမ်းက တိုက်တွန်းသည်။

“အခုအချိန်မှာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းကို စွန့်လွှတ်ပြီးတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လက်တွဲပြီးတော့ နွေဦးတော်လှန်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ တက်တက်ကြွကြွပါဝင်ကြဖို့ မိမိတို့အနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု ဒေါက်တာသီရီမွန်ချမ်းက ပြောသည်။

ရာမညပူးတွဲစစ်ကြောင်းတွင်ပါဝင်သည့် မွန်ပြည်ကာကွယ်ရေးတပ် အနေဖြင့်လည်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်ရန် ရဲဘော်သစ်များ လက်ခံကြိုဆိုနေကြောင်း ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

“မပြီးပြတ်သေးတဲ့ နွေဦးတော်လှန်ရေး အဆုံးသတ် တိုက်ပွဲမှာ လူငယ်တွေ တပ်သားသစ် အဖြစ် ပါဝင်လာဖို့ မိမိတို့ မွန်ပြည်ကာကွယ်ရေးတပ် MSDFမှ ဖိတ်ခေါ်တာပါ။ ယခုအချိန်မှာ မွန်ပြည်နယ် တချို့ဒေသတွေမှာ တိုက်ပွဲတွေ အဆက်မပြတ် ပြင်းထန်လာတယ်။ ဒါ့အပြင် မွန်ပြည်နယ်အနှံ့မြှင့်တင်လာမယ့် စစ်ရေးလှုပ်ရှားမှုတွေမှာ လူငယ်လူရွယ်တွေ တက်တက် ကြွကြွ ပါဝင်လာဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ် တယ်”ဟု MSDF တပ်မှူးလည်းဖြစ်သည့် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

တပ်သားသစ်အဖြစ် ဖိတ်ခေါ်ရာတွင် မွန်တိုင်းရင်းသားများသာမဟုတ်ဘဲ မွန်၊ ကရင်၊ ပအိုဝ်းအပါအဝင် အခြားတိုင်းရင်းသားအားလုံးကို ဖိတ်ခေါ်ကြောင်း၊ လက်ရှိ MSDFတပ်ဖွဲ့တွင် မွန်ပြည်နယ်သူ ပြည်နယ်သားများအပြင် ရန်ကုန်၊ မန္တလေး အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များမှ လူငယ်များလည်း တာဝန်ထမ်းဆောင်နေမှုများ ရှိနေကြောင်း ဒေါက်တာသီရိမွန်ချမ်းက အသိပေးသည်။

MSDFအပါအဝင် နွေဦးတော်လှန်ရေး၌ ပေါ်ပေါက်လာသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့များသည် KNLA၊ PDF အပါအဝင် တော်လှန်ရေးတပ်များနှင့်လက်တွဲပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook