Connect with us

Hi, what are you looking for?

သတင်း

AA က ပြန်လွှတ်မည့် စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ၂၈ ဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်(AA)မှ စစ်ပွဲများအတွင်း ဖမ်းဆီးထားပြီး မကြာမီပြန်လွှတ်ပေးရန်ပြင်ဆင်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးအပါအဝင် စုစုပေါင်း ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ယနေ့ (ဇန်နဝါရီ ၁၉ရက်) သတင်းထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များက ရုပ်အလောင်းများအားကြည့်၍ ငိုကြွေးနေစဉ်။ ဓာတ်ပုံ − AA

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)မှ စစ်ပွဲများအတွင်း ဖမ်းဆီးထားပြီး မကြာမီပြန်လွှတ်ပေးရန်ပြင်ဆင်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးအပါအဝင် စုစုပေါင်း ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ယနေ့ (ဇန်နဝါရီ ၁၉ရက်) သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ယမန်နေ့ ဇန်နဝါရီ ၁၈ရက် ညနေ ၄ နာရီ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄နာရီ ၄၆မိနစ်တွင် တစ်ကြိမ် နှင့် ၄ နာရီ၄၇မိနစ်တွင် တစ်ကြိမ် သုံးကြိမ် ဗုံးလာကြဲခြင်းဟု ထုတ်ပြန်သည်။

” ဗုံးကြဲခံရ၍ သေဆုံး၊ ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်”ဟု AAထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူများအနက်မှ အချို့မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သူအချို့မှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင် ရှိလာနိုင်သည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်းAA က ထပ်မံသတိပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၅ အစောပိုင်းကာလက စ၍ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန်နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါကိုလည်း AAက သတိပေး တိုက်တွန်းထားသည်။

မြောက်ဦးမြို့ကို AAက ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ၂၀၂၄ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းယူထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့် အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖူးသည်။ အထက်ပါတိုက်ခိုက်မှုတွင် စစ်သုံပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။

AA သည် တိုက်ပွဲများအတွင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှအရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AAသည် ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေမြို့အနီးနှင့် ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်စပ်ရှိ ဂွ-ရွှေသောင်ယံမြို့အနီး၊ တောင်ကုတ်နှင့် ဥသျှစ်ပင်လမ်းကြောနေရာအချို့၌ စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။