Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် သီပေါမြို့တွင်စစ်​ကောင်စီ၏ ​နောက်ဆုံးကျန်​နေသော အမှတ် ၂၃ ​ခြေလျင်တပ်ရင်း( ခလရ-၂၃) ကို ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက လူထု​နွေဦးသို့အတည်ပြုသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ် ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးထပ်မံ သေဆုံးပြီး ယ​နေ့နံနက်ပိုင်းအထိ ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်သားအ​လောင်းနှင့်လက်နက်မျိုးစုံ ၂၀ ​ကျော်သိမ်းဆည်းရရှိ

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

ချင်း​ကာကွယ်ရေးတပ် (CDF) ထန်တလန်စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) သည် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်များထံမှသိရသည်။

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မပို့ဆောင်ခဲ့သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိကို ပစ်ခတ်ခဲ့ကြောင်း Golden Valley Warriors တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား ၃၅ဝ ကျော်ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းကုန်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (B PDF)က ယနေ့ ထုတ်ပြန်သည်။

Facebook