Connect with us

Hi, what are you looking for?

သတင်း

သီပေါတွင်​နောက်ဆုံးကျန်​သော ခလရ(၂၃)ကို TNLA ဦး​ဆောင်​သောပူးပေါင်းတပ်သိမ်းပိုက်

တအာင်းတပ်မတော်(TNLA) နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် သီပေါမြို့တွင်စစ်​ကောင်စီ၏ ​နောက်ဆုံးကျန်​နေသော အမှတ် ၂၃ ​ခြေလျင်တပ်ရင်း( ခလရ-၂၃) ကို ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက လူထု​နွေဦးသို့အတည်ပြုသည်။

TNLA တပ်ဖွဲ့ဝင်များကို သီ​ပေါမြို့နယ်ရှိ ခမရ ၅၀၃ တပ်ရင်းသိမ်းပြီးနှင့် ​ရှေ့တန်းစစ်​မြေပြင်၌ ​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

ထားမြတ်၊လူ​အေး/People’s Spring

တအာင်းတပ်မတော်(TNLA) နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် သီပေါမြို့တွင်စစ်​ကောင်စီ၏ ​နောက်ဆုံးကျန်​နေသော အမှတ် ၂၃ ​ခြေလျင်တပ်ရင်း( ခလရ-၂၃) ကို ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက လူထု​နွေဦးသို့အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏လေကြောင်း အပြင်းအထန်တိုက်ခိုက်မှုများကြားမှ စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်း ခလရ-၂၃ ကို အောက်တိုဘာလ ၁၃ ရက်မွန်းလွဲပိုင်တွင် အပြီးသတ် သိမ်းနိုင်ကြောင်း သတင်းအပေါ် TNLA ခေါင်းဆောင်တစ်ဦးက ယနေ့ ညပိုင်း၌ အတည်ပြုသည်။

အခြား မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” ပြီးပါပြီ။ နေ့လည်ကတည်းက။ အသေးစိတ်ကျ ပြောလို့ မရသေးဘူးဗျ။” ဟု ပြောပြသည်။

Public Service Announcement

Public Service Announcement

သို့​သော် ခလရ ၂၃ သိမ်းတိုက်ပွဲ အခြေအနေအသေးစိတ် အခြေအနေများဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“ရွာကနေ သိရတာပါ။ ၂၃ ကျသွားပြီလို့ ပြောတယ်။ ၂၃ ကျရင် TNLA က တမြို့လုံးကိုရပြီ”ဟု သီပေါမြို့ခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ခလရ( ၂၃) မကျရေး လေကြောင်း ပစ်ကူအများအပြား အသုံးပြုခဲ့သည်။ အောက်တိုဘာလ ၁၁ ရက်နေ့တစ်ရက်တည်း၌ပင် ခလရ-၂၃ တပ်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၈၀ ကျော် ကြဲချခဲ့ပြီး နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ဆယ်လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

သီပေါမြို့ကို TNLA က သိမ်းပိုက်လိုက်ပြီဟုသတင်းများထွက်ပေါ်နေသော်လည်း TNLA က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ TNLA အနေဖြင့်သီပေါအခြေစိုက် ခမရ(၅၀၃)နှင့် ခမရ(၅၀၄) တပ်ရင်းများကိုလည်းသိမ်းပိုက်ပြီးဖြစ်သော်လည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

“သိမ်းရတယ်ဆိုပြီး သတင်းတက်လာတာ မရှိသေးဘူး။ ဒီညနေအထိတော့ တိုက်ပွဲပြင်းထန်နေတုန်းရှိပါသေးတယ်”ဟု TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ ညပိုင်းတွင် ပြောသည်။

TNLA နှင့် ပူး​ပေါင်းတပ်က သီ​ပေါ တစ်မြို့နယ်လုံးကို သိမ်းပိုက်ထိိန်းချုပ်နိုင်ပြီဖြစ်၍ လတ်တ​လော ရှမ်း​​မြောက်တွင် ​TNLA နှင့်ပူး​ပေါင်းတပ်ထိုးစစ်ဆင်တိုက်ခိုက်​နေမှုမှာ ​တောင်ခမ်းရှိ အ​​မြောက်တပ်ရင်းများသာကျန်ရှိ​တော့သည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ​ကျော်စွာကလည်း”သီပေါ သတင်းစိတ်မကောင်းပါဘူး။ဒါပေမဲ့ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ ၊မိသားစုဝင်တွေ ဒဏ်ရာရပါ မကျန်—– ကို ရောက်လာပါပြီ။လက်နက်ချ ခြင်း မရှိပါ၊ ရန်သူကိုသတ်နိုင်သမျှသတ်ပြီး ဆုတ်ခွာလာခဲ့တယ်လို့သတင်း ရရှိပါတယ်။ဒါက စစ်ရဲ့ သဘောတရားပါပဲ လပေါင်းများစွာခုခံတိုက်ခိုက်ရတဲ့အခါ ပြီးပြည့်စုံသောခံစစ်ဆိုတာ မရှိပါဘူး။ ထာဝရ မဟုတ်ပါဘူး ခဏ တာပဲ ဖြစ်ပါလိမ့်မယ်”ဟု ခလရ (၂၃ )စစ်ရှုံး​ကြောင်း ​အောက်တိုဘာ၁၃ ရက် ည ၉ နာရီခွဲတွင်​ရေးသားဝန်ခံထားသည်။

ထိုအပြင်သီပေါကျပြီဖြစ်၍ နောင်ချို တောင်ခမ်း၌ ကျန်နေသည့်အမြောက်တပ် (၃၅၄)တပ်ရင်းနှင့် (၉၀၂) တပ်ရင်းတို့ အပြင်းအထန် တိုက်ခိုက်ခံရနိုင်သည်ဟုလည်း စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်အချို့ကရေးသားထားသည်။

TNLAသည် ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်( MDY PDF) အပါအဝင် မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းပြီး နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊​ကျောက်မဲ ၊သီ​​ပေါမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ မြို့များ အားလုံးကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီး နောင်ချိုရှိ အမြောက်တပ်ရင်း အချို့သာ ကျန်တော့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။